Part-19

515 79 24
                                    

(Zawgyi)

သေနတ်…

သေနတ်ဆိုတာ… သူ့မှာပါတဲ့နာမည်တစ်လုံးချင်းစီရဲ့အဓိပ္ပာယ်အရ 'သေ'ကကိုယ်စားပြုတဲ့ သေခြင်းတရားနဲ့ 'နတ်'ကကိုယ်စားပြုတဲ့နတ်မင်း…နှစ်ခုပေါင်းစပ်လိုက်တော့ သေခြင်းတရားရဲ့နတ်မင်း…

သေနတ်တစ်လက်ကိုင်ထားပြီဆိုတာနဲ့ သေမင်းရဲ့လက်ကိုပိုင်ဆိုင်ထားသလိုဖြစ်နေလိမ့်မယ်။
ကျည်ဆံတစ်တောင့်ချင်းစီက လူတစ်ယောက်ရဲ့ ဘဝကိုကိုယ်စားပြုတယ်။မင်းလုပ်ရမှာက သေနတ်ကို လက်နဲ့ အမိန့်ပေးလိုက်ယုံပဲ။အကယ်၍ မင်းရဲ့သေနတ်ကို လူတစ်ယောက်ဆီ ဦးတည်ပြီး အမိန့်ပေးလိုက်ရင်…သေချာတယ်…အဲ့ဒီလူဘဝဆုံးသွားပြီ။

ကမ္ဘာပေါ်မှာရှိတဲ့လူတိုင်း သေနတ်နဲ့ အပစ်ခံရမှာကို ပျော်ရွှင်ပြီးကြည့်နေတဲ့လူမရှိဘူး။ရှိခဲ့ရင်လည်း အဲ့ဒီလူက အမြင်ချို့တဲ့နေတဲ့လူ ဒါမှမဟုတ် ရူးနေတဲ့လူပဲဖြစ်မယ်။

သူတို့လည်းလူပဲလေ ဘာလို့မကြောက်ကြတာလဲလို့ မေးစရာဖြစ်လာ လိမ့်မယ်။ အဖြေကရိုးရှင်းပါတယ်။
သူတို့ဆီမှာချို့တဲ့မှု့တွေရှိနေတဲ့အတွက် သူတို့သေမှာတောင်မကြောက်ကြတော့တာပဲ။
မျက်မမြင်တဲ့လူက သူ့ကိုသေနတ်နဲ့ ပစ်မှာကို မမြင်တဲ့အတွက်မကြောက်ဘူး…ရူးနေတဲ့လူကလည်း သေနတ်ဆိုတာဘာမှန်းမသိတဲ့အတွက်မကြောက်ဘူး။

ဒါပေမယ့် အရာအားလုံးသိမြင်နေနိုင်တဲ့ ပုံမှန်လူမှာ သူတို့မှာ သေနတ်ကိုလည်း မြင်ရတယ်။သေမှာကိုလည်းသိနေရတယ်။
ဒါကြောင့်သူတို့ သေမှာကိုကြောက်ရတယ်။သေမှာကို ဘာလို့ကြောက်ကြတာလဲ…။သူတို့လုပ်စရာတွေ တန်ဖိုးထားရမယ့်လူတွေ အပြီးပြတ်သေးတဲ့အရာတွေ ရှိနေသေးလို့သေမှာကြောက်ကြတာ။မင်းလဲ လူတစ်ယောက်ပဲ ဘာကိုမှမကြောက်ဘူးဆိုရင်တောင် အနည်းဆုံးတော့ မင်းသေရမှာကိုကြောက်မှာပဲ။

'ဒိုင်း…'

ရဲရင့်မာန် သေချာချိန်ပြီး ပစ်လိုက်တဲ့ ကျည်ဆံက ပစ်မှတ်တည့်တည့်ကိုထိမှန်သွားလေတယ်။ထို့အနောက်မှာတော့ လက်ခုပ်သံကျယ်ကျယ်တစ်သံက သေနတ်ပစ်ကွင်းတစ်ခုလုံး မြည်ဟီးသွားလေသည်။

Beyond the galaxy(ZG+Uni)Where stories live. Discover now