Part-20

559 89 13
                                    

(Zawgyi)

ကားအမြန်နှုန်းတင်မောင်းလာခဲ့သောကြောင့် မကြာခင်မှာပဲ မီးရောင်ထိန်ထိန်ထွန်းလင်းနေသည့် ပွဲဈေးတန်းကြီးသို့ ရောက်လာခဲ့ပြီဖြစ်သည်။လမ်းမ၏ အပေါ်တွင် မီးပုံးရောင်စုံများအား ကြိုးဖြင့်ဟိုဘက်ဒီဘက် လှပစွာ သွယ်တန်းတပ်ဆင်ထားသော အခင်းအကျင်းလေးက သပ်ရပ်လှပနေ၏။

ရင်သက်ရှု့မောဖွယ်ကောင်းအောင်လှသဖြင့်လည်း လူအများ ကြက်ပျံမကျ စည်ကားလှသည်။မင်းရာဇာ ကားထဲမှလှမ်း၍ အရှေ့လမ်းအားလှမ်းအကဲခတ်လိုက်သည်။လူတွေရော ဈေးသည်တွေပါ များနေသည်မို့ ကားဝင်ရန်မလွယ်ကူလှ။ထို့ကြောင့် အနီးနားမှလမ်းကြားထဲ ကွေ့ဝင်ကာ လွတ်သောနေရာတွင် ကားပါကင်ထိုးလိုက်ရ၏။

"လမ်းလျှောက်သွားရမယ်…ကားဆက်ဝင်လို့မရတော့ဘူး"

"အေး…ငါလည်း လမ်းလျှောက်သွားချင်တာ"

ပြောပြီး နှစ်ယောက်သား ကားပေါ်မှဆင်း၍ ပွဲဈေးတန်းဘက် ဦးတည်လျှောက်လာကြလေသည်။သီဟတစ်ယောက် သူ့အပေါ်ကရောင်စုံမီးပုံးတွေကို မနားစတမ်းလိုက်မော့ကြည့်နေမိ၏။သူတို့ဆီကလာတဲ့ အလင်းရောင်က သီဟမျက်ဆံထဲမှာပါ အလင်းရောင်ပြန်လို့နေတယ်။

Brazil နိုင်ငံက carnivalပွဲတော်သို့ပင်ရောက်ခဲ့ဖူးတဲ့ မင်းရာဇာအတွက် ဒီလိုပွဲမျိုးက လမ်းဘေးဈေးတန်းငယ်သာသာလောက် ထင်ရပေမယ့် ငယ်ငယ်ကတည်းက ဒီလိုနေရာမျိုး မရောက်ဖူးခဲ့တဲ့ သီဟဆက်အတွက်တော့ အရမ်းကိုခမ်းနားသည့်ပွဲဖြစ်သည်။

(Carnival - Rio ကာတွန်းကားရဲ့နောက်ခံ အကြောင်းတွေထဲကတစ်ခုဖြစ်တဲ့ ပွဲတော်ပါ။
Brazil မှာတစ်နှစ်တစ်ခါ စည်စည်ကားကား ကျင်းပလေ့ရှိပါတယ်။ဒီကသင်္ကြန်ပွဲတော်နဲ့ဆင်တူတယ်။မသိရင်Googleမှာရှာကြည့်ပါနော်။)

"ရာဇာ…ကြည့်စမ်းမီးပုံးတွေမလှဘူးလား…"

သူ့ရဲ့အမေးကြောင့် လှည့်ကြည့်လာသော မင်းရာဇာရဲ့ မျက်လုံးအစုံကိုသတိမထားစွာနဲ့ပဲ သီဟဆက် မီးပုံးများကို ပျော်ရွှင်ရင်ခုန်စွာ မော့ကြည့်နေမိလေတယ်။

"မလှဘူး အပေါစားဆန်တယ်"

သူ့ရဲ့ဗီဇအတိုင်း ပြန်ဖြေလိုက်တဲ့အဖြေက တုံးတိဖြစ်နေသည်။သူ့မှာ စကားပြောတဲ့လူ ရင်ထဲနင့်ခနဲဖြစ်ပြီး စကားပြောပေါက်ပိတ်သွားအောင် လုပ်တတ်တဲ့ ဗီဇက မွေးကတည်းကပါရမီပါလာသလားတောင်ထင်ရ၏။

Beyond the galaxy(ZG+Uni)Where stories live. Discover now