Part-32

151 24 6
                                    

(Zawgyi)

'အပေးအယူတစ်ခုတော့ရှိတယ်။မင်း သဒ္ဒါ တို့ကို တွေ့တဲ့အချိန်လျော့ရမယ် လုံးဝ မတွေ့တာ အကောင်းဆုံးပဲ။မင်းက မင်းရာဇာနဲ့ပက်သက်နေတဲ့လူဆိုတော့ သူတို့အတွက် စက်ကွင်းမိနိုင်တယ်။'

သီဟ အပေးအယူတည့်ပြီးတာနဲ့ ထွက်လာလိုက်တာ အခုမင်းရာဇာရဲ့ အိမ်ရှေ့ကိုပင် ရောက်လာခဲ့တယ်။အတွေးထဲလည်း ဦးနန္ဒနဲ့ လုပ်ခဲ့တဲ့ အပေးအယူ စည်းကမ်းတွေက ရစ်ဝဲလို့နေခဲ့တာ အရှေ့ကအိမ်ကြီးကို မော့ကြည့်မိလိုက်တာတောင် ဘယ်လိုရောက်လာခဲ့မှန်း စဉ်းစားလို့မရဘူးဖြစ်နေတယ်။

"ရောက်လာပြီပဲ။ငါဘယ်လိုမျက်နှာနဲ့ အိမ်ထဲကိုဝင်ရပါ့မလဲ။"

အဲ့ဒီအချိန်မှာပဲ အနောက်ကနေ တီးလာတဲ့ ကားဟွန်းသံက အတွေးပင်လယ်ထဲ မြောနေမိတဲ့ သီဟကို ထခုန်မိမတတတ် လန့်သွားစေတယ်။သီဟလှည့်ကြည့်လိုက်တော့ ဖြူဖွေးတောက်ပြောင်နေပြီး အစင်းရာ ခြစ်ရာ တစ်စက်တစ်ပေါက်မှမရှိတဲ့ ကားအဖြူတစ်စီး။

တောက်ပြောင်ပြီး နေရောင်ဟပ်နေတဲ့ မှန်တွေရယ် အပြင်ကအထိပါရတဲ့ ကားအမွှေးနံ့တွေရယ်။သေချာပါတယ် စင်စစ် မင်းရာဇာရဲ့ ကားပဲဆိုတာ။သီဟ အခွင့်အရေးရပြီ လို့တွေးပြီး စိတ်ထဲ နဲနဲကျေနပ်မိသွားတယ်။

တီ....တီ

"မင်းဖယ်မလား ငါဝင်တိုက်လိုက်ရမလား။"

ကားအရှေ့မှာ ကြောင်တောင်ပိတ်ရပ်နေတဲ့ သီဟဆက်ကို စိတ်မရှည်စွာပဲ ကားမှန်ထဲကလှမ်းကြည့်ရင်း အော်လိုက်လေတယ်။ဟုတ်ပါတယ် အဲ့ဒါမင်းရာဇာပါပဲ။ဒီလိုအသံနဲ့ ဒီလိုဘုစကားတွေက သီဟသိတဲ့လူတွေထဲ သူပဲပြောတတ်သည်မဟုတ်လား။

သီဟ ခပ်တည်တည်ပဲ ကားဘေးနား ဖြည်းဖြည်းချင်း လျှောက်လာပြီး ကားတံခါးဖွင့် ဝင်ထိုင်လိုက်လေတယ်။

"မင်းကို ဘယ်သူက အရှေ့မှာထိုင်ခိုင်းလို့လဲ။"

ကြောင်တောင်တောင် ဘုတုတု ကြည့်ပြီး ပြောတဲ့ မင်းရာဇာကို သီဟဆက်က မသိသလိုပဲဆက်ထိုင်နေတယ်။

"မောင်းပြီး အိမ်ထဲဝင်တော့လေ။ဘာလုပ်နေတာလဲ မင်း။"

"ကြောလှချည်လားမင်းက။မင်းကိုဘယ်သူက အိမ်ထဲခေါ်မယ် ပြောလို့လဲ။"

Beyond the galaxy(ZG+Uni)Where stories live. Discover now