(Zawgyi)
မင်းရာဇာ သူ့အိမ်တံခါးကိုဖွင့်လိုက်တယ်ဆိုရင်ပဲ ဧည့်ခန်းထဲမှာထိုင်စောင့်နေတဲ့ သစ္စာကိုတွေ့လိုက်ရတယ်။အဖြူရောင်ဝမ်းဆက်ကိုဝတ်ဆင်ထားပြီး ထိုင်စောင့်နေပုံက ဇီဇဝါပန်းလေးတစ်ပွင့်အလား လှပေနေမယ့် ပန်းအလှကိုမခံစားတတ်သော မင်းရာဇာ အတွက်တော့ မည်သည့်ခံစားချက်ကိုမှ မခံစားရပေ။
သစ္စာလက်ကလေးနှစ်ဖက်ကို ဆုပ်ကိုင်ထားပြီး နှုတ်ခန်းနီဆိုးထားတဲ့ နီရဲရဲ နှုတ်ခမ်းပါးလေးကိုကိုက်နေမိတယ်။ မျက်လုံးထဲမှာလည်း အကြည်ရောင်မျက်ရည်လွှာလေးက မြင်သာနေပြီး တော်တော်ကိုစိတ်ပူနေပုံရတယ်။
ဒါပေမယ့် အဲ့ဒီအရာတွေအားလုံး မင်းရာဇာကို တွေ့လိုက်ရချိန်မှာပဲ အကုန်ကွယ်ပျောက်သွားခဲ့တယ်။
"ကိုမင်း…"
မင်းရာဇာ သူ့အရှေ့ရှိ ဆိုဖာခုံပေါ်မှာဘာမှမပြောပဲဝင်ထိုင်လိုက်လေတယ်။
"ဘာကိစ္စလဲ"
"လက်ကဘာဖြစ်လာတာလဲ ကိုမင်းရယ်"
"သက်သာတာမို့ ဘာမှဖြစ်မနေနဲ့"
"ကိုမင်း စကားကိုပေါ့ပျက်ပျက်မပြောနဲ့ သစ္စာဘယ်လောက်စိတ်ပူနေလဲသိလား… ပြန်မလာဘူးဆိုတဲ့ သတင်းကြားတာနဲ့ ဒီကိုချက်ချင်းပြေးလာပြီး ခြေရာခံနိုင်ဖို့အရေး သစ္စာအားလုံးလုပ်ပေးနေတာ ကိုမင်းသိလား…"
ပြောနေရင်းနဲ့ပဲ သစ္စာရဲ့မျက်လုံးအစုံတို့မှ မျက်ရည်များ စီးဆင်းလာကြလေတယ်။ဒါပေမယ့် ထိုမျက်ရည်တွေက မင်းရာဇာရဲ့ကျောက်ဆောင်လို နှလုံးသားကို ပျော့မကျသွားစေနိုင်တာကြောင့် တစ်ချက်ကလေးမှ တုန်လှုပ်မသွားခဲ့ပေ။
"မသိဘူး ဒါပေမယ့် အခုပြန်ရောက်နေပြီပဲ စိတ်ပူစရာမလိုတော့ဘူးလေ"
ကျဆင်းနေသည့် မျက်ရည်များကို နှိုင်းခက်သစ္စာ သူ့လက်ကလေးနဲ့ပဲ ပြန်သုတ်လိုက်လေတယ်။
"အင်းပါ ကိုမင်း အဆင်ပြေရင် ပြီးတာပါပဲ ဆေးရုံတွေဘာတွေသွားမလား သစ္စာ Booking လုပ်ပေးထားတယ် VIP ခန်းကို…"
"သွားရမယ်ထင်တယ် ဟိုကောင်လုပ်ပေးထားတာ အဆင်မပြေဘူး…သြော်…ဒါနဲ့ Sebastian"
YOU ARE READING
Beyond the galaxy(ZG+Uni)
Romanceတစ်နေ့ငါတို့စကြာဝဋ္ဌာရဲ့အစွန်းတစ်နေရာကိုရောက်အောင်သွားကြမယ် မင်းရယ်ငါရယ်ဆိုတာပဲရှိတဲ့နေရာကိုပေါ့......! (Unicode) တစ်နေ့ငါတို့စကြာဝဋ္ဌာရဲ့အစွန်းတစ်နေရာကိုရောက်အောင်သွားကြမယ် မင်းရယ်ငါရယ်ဆိုတာပဲရှိတဲ့နေရာကိုပေါ့......!