Part-24

629 111 24
                                    

(Zawgyi)

အကာကင်းမဲ့တဲ့ သောင်​ပြင်​ပေါ် နေအလင်းရောင်​က စူးရှရှ ထိုးထွက်​လာတာကြောင့်​ မျက်​လုံးခံနိုင်​ရည်​မရှိတော့တဲ့အဆုံး မင်းရာဇာ နိုးလာလေတယ်​။သူ့အရှေ့မှာတော့ အိပ်မောကျနေသေးတဲ့ သီဟက လှောင်​ပြောင်​နေတဲ့အလား။
အာရုံနေအလင်းဖြစ်​တာကြောင့်​ ထင်​သလောက်​မပူပဲ မှောင်​ရီရီအရောင်​လေးက သာယာ၏။'ဥသြ...ဥသြ...'ဆိုတဲ့ ကျေးငှက်​တွေ တွန်​မြည်​သံက နားဝင်​ချိုသက်​စေ၏။

ခဏအကြာမှာ မင်းရာဇာသတိထားမိလိုက်​တယ်​။သူရော သီဟပါ အင်္ကျီဝတ်ထားခြင်းမရှိပဲ နှစ်​ထည်​လုံးကို စောင်သဖွယ်​ ခြုံထားပြီး အဲ့ဒီအောက်​မှာ အကာအကွယ်​ကင်းမဲ့တဲ့ ရင်​ဘတ်​ချင်းထိကပ်​ပြီး ဥသြငှက်​တွေငိုရလောက်​အောင်​ သာယာတဲ့ နှလုံးသားတေးသံတွေ စီမြန်းလို့နေတယ်​။

သီဟက သူဌေးမျိုးနွယ်​က ဆင်းသက်​လာတာမဟုတ်​ပေမယ့်​ သူ့မှာသူဌေးသားတို့ရဲ့ လက္ခဏာတွေရှိနေလေတယ်​။ကြည်​လင်​တောက်​ပနေတဲ့ အသားအရည်​၊ရဲပြီးရှည်​လျားတဲ့ နှုတ်​ခမ်း၊မဲနက်​ထူထပ်​တဲ့ မျက်​ခုံးတွေနဲ့ ဖြောင့်​စင်းနေတဲ့နှာတံ၊ ပုတုန်းရောင်​ နက်​ပြီး ပိုးသားလေးလို အိနေတဲ့ ဆံကေသာ။အရာအားလုံးက ကြည့်​လို့ ကျက်​သရေရှိလှတယ်​။

ခန္ဓာကိုယ်​က သူ့လောက်​နီးပါးတောင့်​တင်းနေပြီး ယောင်္ကျားအင်္ဂါရပ်​နဲ့ပြည့်​စုံတဲ့လူတစ်​ယောက်​။ဒါပေမယ့်​ ဘာရယ်​ကြောင့်​များ ထိုလူနဲ့ ကြားခံကင်းရှင်းတဲ့ ထိတွေ့မှု့က သူ့ကိုရင်​ခုန်​သွားစေရတာလဲမသိ။ခုန်​သံပြင်းလွန်းလို့ သောင်​ပြင်​ကြီးတစ်​ခုလုံးပါ တုန်​လှုပ်​နေသလိုခံစားရလေတယ်​။

ထိုရင်​ခုန်​သံကို မြန်​မြန်​ဆန်​ဆန်​ အဆုံးသတ်​သွားစေရန်​အလို့ငှာ ချက်​ချင်းကောက်​ထလိုက်​ပြီး အင်္ကျီကို သီဟဆက်​ပေါ်ပြန်​ချုံပေးထားလိုက်​တယ်​။အဲ့ဒီအချိန်​ကျမှသူသတိထားမိလိုက်​တာက သူ့ဒဏ်​ရာ...။

နှလုံးသားမှလာတဲ့ခံစားမှု့က နာကျင်​အတိပြီးလောက်​အောင်​ စွမ်းနိုင်​လွန်းတယ်​။

Beyond the galaxy(ZG+Uni)Where stories live. Discover now