(Zawgyi)
နီညိုရောင် သစ်သားဘောင် ဝန်းရံထားတဲ့ မှန်တံခါးရဲ့ တစ်ဖက်က အပြာနုရောင် ကောင်းကင်ကြီးရယ် စိမ်းလန်းနေတဲ့ သစ်ရွက်နုနုလေးတွေ ပန်းခင်းကြီးတွေက ပန်းချီကားတစ်ချပ်သဖွယ် လေယူရာလွင့်မြောနေတဲ့ အဖြူရောင် ဇာလိုက်ကာလေး အနောက်မှာ ခင်းကျင်းပြသလို့နေတယ်။အကြည်ရောင်ပေါ် သက်တံ့ရောင်ဆင့်နေတဲ့ မနက်ခင်း နေရောင်ခြည်ကလည်း မျက်လုံးထဲကြည့်ရတာ ပနံသင့်နေ၏။နေရောင်ထိုးဖောက်လာတဲ့ မှန်တံခါးရဲ့တစ်ဖက်မှာတော့ အဖြူရောင် ရှပ်အင်္ကျီအပါးကို ဝတ်ဆင်ထားတဲ့ မင်းရာဇာ။ခြေထောက် တစ်ဖက်ကို ကွေးပြီး တမင်ခွေထိုင်ရင်း လက်ထဲက ဆေးလိပ်ရဲ့အရသာကို ခံစားကြည့်နေလေတယ်။
ပြည့်စုံတာထက်ကို ပိုတယ်။သူ့အကြည့် သူ့အမူအကျင့် သူ့ဟန် သူ့အယူအဆတွေ အားလုံးပဲ။ပိုက်ဆံ ရုပ်ရည် အသားအရည် ခန္ဓာကိုယ် ဘာထပ်ပြောစရာရှိဦးမယ်တဲ့လဲ။
"မင်းနိုးပြီလား။"
အတွေးထဲမြောနေတဲ့ သီဟတစ်ယောက် မင်းရာဇာရဲ့ မေးခွန်းကြောင့် သတိပြန်ယူလိုက်ရလေတယ်။
"အေး။ မင်းရော အစောကြီးနိုးနေတာလား။"
"ငါမအိပ်ရသေးဘူး။"
ပါးစပ်ထဲ ခဲထားတဲ့ ဆေးလိပ်ကို ပြီးအောင်ဖွာလိုက်ရင်း ဖြေသည်။
"မင်းအိပ်ယာ ငါအိပ်နေလို့ ဖင်ခေါင်းကျယ်နေတာလား။"
"အေး ဟုတ်တယ်။"
"မင်း"
"ညစ်ပတ်မနေနဲ့ မင်းအာပုတ်နံ့ကဒီအထိရတယ်။သွား မျက်နှာသွားသစ်။"
"သီဟဆက်ဆိုတဲ့ကောင်က မွေးကတည်းက ပါရမီနဲ့မွေးလာတာ ငါ့ခန္ဓာကိုယ်က ဘာအနံ့မှမထွက်ဘူး။"
ကို့ကိုယ်ကိုအမွှန်းတင်ရင်း ထွက်သွားသော သီဟဆက်ကြောင့် မင်းရာဇာ လက်ထဲကဆေးလိပ်ကိုချေနေရင်း တစ်ချက်ပြုံးမိသည်။
"ဟိုကောင် ရေချိုးခန်းကဘယ်မှာလဲ။"
မင်းရာဇာ မဖြေတာကြောင့် သီဟ အနားကိုတိုးသွားပြီး ပုခုံးကို လက်နဲ့လှမ်းတွန်းလိုက်တယ်။အဲ့ဒီအချိန်မှာပဲ သူ့လက်က မင်းရာဇာလက်နဲ့ လှမ်းဆွဲရာနောက်ပါသွားပြီး ခဏလေးအတွင်းမှာပဲ သူ့ခန္ဓာကိုယ်ရဲ့အောက် မျက်နှာချင်းဆိုင်ရာ အနေအထား ရောက်သွားလေတော့တယ်။
YOU ARE READING
Beyond the galaxy(ZG+Uni)
Romanceတစ်နေ့ငါတို့စကြာဝဋ္ဌာရဲ့အစွန်းတစ်နေရာကိုရောက်အောင်သွားကြမယ် မင်းရယ်ငါရယ်ဆိုတာပဲရှိတဲ့နေရာကိုပေါ့......! (Unicode) တစ်နေ့ငါတို့စကြာဝဋ္ဌာရဲ့အစွန်းတစ်နေရာကိုရောက်အောင်သွားကြမယ် မင်းရယ်ငါရယ်ဆိုတာပဲရှိတဲ့နေရာကိုပေါ့......!