(Zawgyi)
အချစ်က နွေးထွေးတာလား မင်းကပဲနွေးထွေးနေတာလား။ဒါမှမဟုတ် ငါချစ်မိတဲ့ မင်းကိုက ငါ့ကိုနွေးထွေးစေတာလား။
* * * * * * *
သီဟ အိပ်ယာထထချင်းပဲ ရေချိုးခန်းထဲ မနေ့ကဖြစ်ခဲ့တဲ့ အကြောင်းတွေကို ပြန်လည်မြင်ယောင်နေမိတယ်။နှုတ်ခမ်းတွေ အနမ်းတွေ အသက်ရှုသံတွေကအစ ပြန်မြင်ယောင်မိလာတာကြောင့် ခေါင်းကိုခါလိုက်ပြီး မေ့ပျောက်ရန်အလို့ငှာ ရေပန်းကို စုပြီးဖွင့်ချလိုက်လေတယ်။
"ဘာလဲဒီအတွေးတွေက။"
မနက်မိုးလင်းလာတော့လဲ အခန်းထဲတွင် မင်းရာဇာကို မတွေ့။အောက်ထပ်ရော အပြင်ခြံထဲတွင်ပါ အရိပ်အယောင်ဟူ၍ မရှိ။မတွေ့ချင်ပေမယ့် ရှာနေမိတယ်။မမြင်ချင်ပေမယ့် တွေ့ချင်နေမိသလို စိတ်ထဲပြည့်စုံနေပေမယ့် မသိစိတ်တစ်နေရာက ဟာတာတာ ဖြစ်နေသလို။ထိုခံစားချက်ကို လက်မခံနိုင်ဖြစ်ကာ ငြင်းပယ်ချင်နေမိတယ်။
"ငါမင်းကို မထိုးလိုက်ရတာ နာတယ်။ငါ့ပထမဆုံး အနမ်း မင်းယူသွားရတယ်လို့။"
"မအေးဘူးလား။မြန်မြန်ထွက်ခဲ့တော့ အအေးပက်မယ်။"
သီဟ တံခါးနားက ထွက်လာတဲ့အသံကြောင့် ဘေးနားမှာ ရှိတဲ့ သပက်ကိုအမြန်ယူပြီး ခါးအောက်ကိုအုပ် အုပ်လိုက်လေတယ်။
"မင်း အသံမပေးဘာမပေးနဲ့။"
"သတိလာပေးတာ။မနက်စာစားဖို့ငါစောင့်နေတာကြာပြီ။"
"ငါမစားတော့ဘူး။"
"မင်းမစားရင် အခုငါဝင်လာမယ်။"
"မင်း တစ်လှမ်းတိုးရဲတိုးကြည့်။"
"မင်းက စမ်းတာလား။"
မင်းရာဇာ မဲ့ပြုံးပြပြီး အရှေ့ကိုတစ်လှမ်းတိုးလိုက်တယ်။
"မင်းစားမှာလားမစားဘူးလား။"
"တော်တော် ပြီးရင်ငါလာခဲ့မယ် သွားတော့မင်း။"
"ကောင်းပြီလေ။"
ခန်းငြားလွန်းလှတဲ့ အခန်းကျယ်ကြီးထဲ အစားအသောက် အဖွယ်စုံလင်စွာ ပြည့်နှက်နေတဲ့ စားပွဲကြီးက အရောင်တဝင်းဝင်း တောက်ပလို့နေတယ်။ထိုစားပွဲရဲ့ထိပ်မှာတော့ မင်းရာဇာဆိုသူက ဘုရင်တစ်ပါးသဖွယ် ထိုင်လျက် ဘေးနားမှာလည်း အခြွေအရံတွေက ဝင်ရောက်ခစားနေကြသယောင်။
YOU ARE READING
Beyond the galaxy(ZG+Uni)
Romanceတစ်နေ့ငါတို့စကြာဝဋ္ဌာရဲ့အစွန်းတစ်နေရာကိုရောက်အောင်သွားကြမယ် မင်းရယ်ငါရယ်ဆိုတာပဲရှိတဲ့နေရာကိုပေါ့......! (Unicode) တစ်နေ့ငါတို့စကြာဝဋ္ဌာရဲ့အစွန်းတစ်နေရာကိုရောက်အောင်သွားကြမယ် မင်းရယ်ငါရယ်ဆိုတာပဲရှိတဲ့နေရာကိုပေါ့......!