Chapter 3

1K 128 67
                                    

မနက်​​စော​စောထကာ ​ခရီး​ဆောင်​အိတ်​ထဲ အဝတ်​အစားအချို့နှင့်​ အသုံးအ​ဆောင်​ ပစ္စည်းတစ်​ချို့ကို ထည့်​လိုက်​သည်​...ကွဲသွားသည့်​ ပြတင်း​ပေါက်​မှန်​ကို တိပ်​ဖြင့်​ကပ်​ကာ ထားခဲ့လိုက်​သည်​...

ကိုယ်​လက်​သန့်​ရှင်းပြီး​နောက်​ အဝတ်​အစားလဲပြီးမှ ​ရေခဲ​သေတ္တာထဲမှ Coffee ဘူးတစ်​ဘူးယူကာ ​ဖောက်​​သောက်​ရင်း အသားလုံးများ ဟင်းရွက်​များနှင့်​ နို့ပုလင်းများကို ခြင်း​တောင်းတစ်​ခုထဲ စုထည့်​ထားလိုက်​၏.......

ထို့​နောက်​ မိန်းများကိုချကာ တံခါးကို ​သေချာစွာ ​သော့ပိတ်​ပြီး ခရီး​ဆောင်​အိတ်​ကို ညာဖက်​မှဆွဲ ခြင်း​တောင်းကို ဘယ်​ဘက်​မှ ဆွဲကာ ဓာတ်​​လှေကားဆီဦးတည်​လာသည်​....

မနိုင်​မနင်းဖြင့်​ ဓာ​တ်​​လှေကားခလုတ်​ကို နှိပ်​ပြီး​နောက်​ စက္ကန့်​ပိုင်းမျှသာ ​စောင့်​လိုက်​ရပြီး တံခါးပွင့်​လာ​သော​ကြောင့်​ အထဲဝင်​သွားလိုက်​သည်​.....​မြေ​အောက်​ထပ်​ကားပါကင်​တွင်​ ရပ်​ထား​သော သူမ၏ ကားရှိရာကို သွားလိုက်​ကာ ကား​ဘေးတွင်​ အိတ်​ နှင့်​ ခြင်း​တောင်းကို ချလိုက်​သည်​....ထို့​နောက်​ ကား​နောက်​ဖုံးကို ဖွင့်​ကာ အိတ်​ကို အရင်​တင်​သည်​။ ပြီးမှ ခြင်း​တောင်းကို တင်​ကာ ​နောက်​ဖုံးကို ပိတ်​လိုက်​သည်​....
ကိစ္စပြီးစီးမှပင်​ ကားထဲသို့ဝင်​ကာ စက်​နှိုးပြီး ​ခြေ​တောက်​ကို လီဗာ​ပေါ်တွင်​ထင်​ထားလိုက်​သည်​.....dashboard ​ပေါ်တွင်​ Ph ကို တင်​ကာ သီချင်းဖွင့်​ထားလိုက်​၏...

မကြာခင်​ အချိန်​တွင်​ အနက်​​ရောင်​ ကား​လေးမှာ ကားပါကင်​မှ ထွက်​လာပြီး လမ်းမထက်​သို့ ​ရောက်​သွား​တော့သည်​......

~~~~~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~~~~~~~

အာရှတိုက်​ Chuu Gon မြို့တစ်​​နေရာ....

တိတ်​ဆိတ်​လှ​သော ပတ်​ဝန်းကျင်​တစ်​ခုတွင်​ ​ခမ်းနားလှ​သော ​ရှေး​ခေတ်​ Siheyuanအိမ်​အမျိုးအစား အိမ်​တစ်​​ဆောင်​ တည်​ရှိ​နေသည်​...

ကြက်​​သွေး​ရောင်​ခြယ်​မှုန်းထား​သော အိမ်​​ဆောင်​များက ခြံထဲတွင်​ ဟိုတစ်​​ဆောင်​ ဒီတစ်​​ဆောင်​ပြန့်​ကျဲ​နေသည်​...မကြီးမ​သေး​သော ​ရေကန်​တစ်​ခုရှိ​နေသည်​....​ရေကန်​ထက်​တွင်​ အဖြူ​ရောင်​ကြာပန်းများ ​ဖွေး​ဖွေးလှုပ်​​အောင်​ ပွင့်​​နေသည့်​အပြင်​ အဖြူ​ရောင်​ကြာပန်းများကြား ပန်းနု​ရောင်​ကြာ​ပန်း​များက ဟိုတစ်​ပွင့်​ ဒီတစ်​ပွင့်​ ထိုးထွက်​​နေသည်​...​ရေကန်​၏ ​ဘေးဘက်​တွင်​ အ​ဆောင်​ငယ်​​လေးတစ်​ခုရှိ​နေသည်​..​​ကျောက်​စားပွဲ​ပေါ် ​ကြွေလက်​ဖက်​ရည်​အိုး ၊ ရိုးရာလက်​ဖက်​ရည်​ ခွက်​တစ်​ခွက်​​ နှင့်​ မုန့်​ပန်းကန်​တစ်​ခုက ​နေရာယူထားသည်​...

Midnight Flower (Season 1)Where stories live. Discover now