Chapter 6

751 112 45
                                    

"ညက​ကောင်း​ကောင်း အိပ်​ပျော်​ရဲ့လား..."

ပြဒါးတိုင်​ကို လှုပ်​ခါ​နေရင်း Venessaကို​မေးလိုက်​သည်​....ရုတ်​တရပ်​စာအုပ်​ပျံတစ်​ခု​ပေါ်လာပြီး သူ၏ မျက်​နှာကို ထိခါနီး အချိန်​မှီ လှမ်းဖမ်းနိုင်​လိုက်​သည်​...

"မဆိုးပါဘူး...စာအုပ်​နဲ့​ကောက်​ပစ်​နိုင်​သေးတာ အသက်​နဲ့ အ​ဝေးကြီးလိုပါ​သေးတယ်​...."

"နင်​.."

ပြန်​ခံ​ပြောမည်​ဟုကြံကာ ပါးစပ်​ဟရ​သေး ပြဒါးတိုင်​က ဝင်​လာ​သော​ကြောင့်​မျက်​စောင်းကိုသာ အားရပါးရ ထိုးလိုက်​ရသည်​....
​ဘေးမှ​အိမ်​အကူ​ကောင်​မ​လေးက​တော့ မ​နေနိုင်​ပဲ အသံထွက်​ရယ်​မိသွား​သော​ကြောင့်​သူ့ကိုပါ မျက်​စောင်းထိုး​လိုက်​သည်​...

"အင်း အဖျားက​တော့မရှိပါဘူး....အိမ်​တော်​ထိန်း Fridi က ဖုန်းလှမ်းဆက်​တော့ လန့်​သွားရတာ...ညက ပြန်​ရောက်​ပြီး အခန်းထဲ တံခါးပိတ်​နေတယ်​ဆို...ဘာဖြစ်​ခဲ့လို့လဲ..."

"အ​ဖေက ပြန်​ခေါ်တယ်​...."

တိုးလျလျထွက်​ပေါ်လာ​သော သူမအသံက ဝမ်းနည်းရိပ်​များ အဖျားခတ်​နေသည်​...

"Ven​က မ​နေချင်​ဘူးလား..."

"သူ ငါ့ကို ချစ်​လို့​ခေါ်တာဆို အထုပ်​ဆွဲပြီးပြန်​နေမှာ​ပေါ့ဟာ....အခုဟာက Chan Yan စနက်​ကြီးမှန်းသိသာ​နေတာကို...ငါမ​နေဘူး​ပြောပြီး ပြန်​တော့​လေ ငါ့ကို​တောင်​အဖက်​မလုပ်​တော့ဘူး....."

​ပြောရင်း​ပါးပြင်​ပေါ်မှ မျက်​ရည်​စများကို လက်​ခုံဖြင့်​ခပ်​ကြမ်းကြမ်း ဖယ်​ထုတ်​လိုက်​သည်​....

"စိတ်​ညစ်​စရာ​တွေ မ​တွေးနဲ့​ပျော်​စရာ​တွေ​တွေး​နေ....တခါတခါကျ​လေ​လောကကြီးက မတရားဘူး."

Venessa ၏ လက်​ကို ဆုပ်​ကိုင်​ထားရင်း အား​ပေးစကား​ပြောလိုက်​မိသည်​.တကယ်​တည်းကျ Fukouuမှာလည်း​လောကကြီး၏ မာယာများကြား ဓားစာခံတစ်​ဦးဖြစ်​ခဲ့ရသူဖြစ်​သည်​..Venessa က​တော့ အတိတ်​အ​ကြောင်းကို ပြန်​လည်​စဉ်းစား​နေမိသည်​....

လွန်​ခဲ့သည့်​၁၁နှစ်​....​ဆောင်းရာသီ ညဦးပိုင်းအချိန်​..
Matlock မြို့တစ်​နေရာတွင်​တည်​ရှိ​သော စံအိမ်​တစ်​ခု၏ စာကြည့်​ခန်းတစ်​ခုတွင်​အမျိုးသားတစ်​ဦးနှင့်​အမျိူးသမီးတစ်​ဦး​အ​ချေအတင်​စကားများ​နေကြသည်​.

Midnight Flower (Season 1)Where stories live. Discover now