Chapter 4

976 132 70
                                    

Venessa ၏ ကား​လေးသည်​လမ်းမထက်​တရိပ်​ရိပ်​ပြေး​နေ​ရာမှ လမ်း​ကွေ့​လေးထဲသို့ ချိုးဝင်​လိုက်​သည်​...သစ်​ပင်​လမ်းကြား​လေးဟုအမည်​တွင်​သော ထိူလမ်း​လေးသည်​ကား၂စီးစာ ဝင်​ရုံ​လောက်​သာကျယ်​ပြီး သစ်​ပင်​များစိမ်းစိမ်းစိုစိုဖြင့်​အရိပ်​ရကာ​အေးချမ်းလှ​သောလမ်း​လေးဖြစ်​သည်​။တောအုပ်နှင့်ပင် ဆင်တူနေသေးသည်။.... ထိုလမ်း​လေးထဲ ၁၀မိနစ်​ခန့်​မောင်းဝင်​ပြီး​နောက်​ခြံစည်းရုိး အဖြူ​ရောင်​ဖြင့်​ကာရံထားသည့်​ခြံကျယ်​ကြီးတစ်​ခု၏ တံခါးဝသို့​ရောက်​လာသည်​......

ကား​ပေါ်မှဆင်းကာ တံခါး​ပေါ်ရှိ​ခေါင်း​လောင်းကြိုးကို ဆွဲလိုက်​သည်​.....ဂျိန်းဟူ​သော အသံနှင့်​အတူ တံခါးမှာပွင့်​သွားခဲ့ပြီး​နောက်​သူမကား​ပေါ်သို့ပြန်​တက်​ကာ ထိုခြံကျယ်​ထဲဝင်​သွား​တော့သည်​....

ခြံတစ်​ခြံလုံးတွင်​မြက်​ခင်းများကအပိုင်​နေရာယူ​ထားသည်​.....အရိပ်​ရ​သော ဝက်​သစ်​ချပင်​အို များကလည်း တစ်​ခြံလုံး၏ တစ်​ဝက်​ကျော်​လောက်​ကို သိမ်းပိုက်​ထား​သည်​...တခြားအပင်​ကြီးများလည်းရှိ​နေ​သည်​...ထို့​ကြောင့်​အ​ဝေးမှလှမ်းကြည့်​ပါက သစ်​တောငယ်​တစ်​ခုပမာ.......ကြည့်​လေရာတွင်​စိမ်းစို​နေ​သော​ကြောင့်​မျက်​စိများပင်​ကျိန်းမတတ်​...သစ်​ပင်​ကြီးများသာရှိခြင်းမဟုတ်​သစ်​ပင်​ကြီးတစ်​ပင်​ဆီ​အနီးနားတွင်​နှင်းဆီနီပင်​များကို စနစ်​တကျ ပုံ​ဖော်​စိုက်​ပျိုးထားသည်​.....အ​ရောင်​စုံForget me not ပန်းပင်​လေးများက မြက်​ခင်းစိမ်း​ပေါ်တွင်​လှပစွာ​နေရာယူထား​သေးသည်​..
ခပ်​လှမ်းလှမ်းတွင်​တော့ အဝါ​ရောင်​Diffodil ပန်းခင်းကြီးကို လွမ်း​မောဖွယ်​မြင်​တွေ့​နေရသည်​..ကားကို ခြံထဲရှိ အမိုးတစ်​ခု​အောက်​တွင်​ရပ်​ထားလိုက်​သည်​...ဒီခြံအ​ကြောင်း အသိဆုံးသူမှာ တစ်​လောကလုံးတွင်​Venessa တစ်​ယောက်​သာရှိ​လောက်​သည်​....​ရှေ့တွင်​ကားဆက်​သွားရ​လောက်​အောင်​လမ်းကမကျယ်​လောက်​တော့​ပေ...ထိုအချိန်​မှ ကားကိုပြန်​ဆုတ်​ပါက သူမ၏ စိတ်​မရှည်​သောအကျင့်​ကြောင့်​ကား​နောက်​ပိုင်းတစ်​ခုလုံး ဟိုတိုက်​ဒီတိုက်​ဖြင့်​စုတ်​ပြတ်​သွားနိုင်​သည်​.....

Midnight Flower (Season 1)Where stories live. Discover now