Chapter 13

674 108 49
                                    

Matlock မြို့တွင်​တော့ နှင်းများမှာ အလွန်​အမင်းကျဆင်းလာပြီ...November လထဲဝင်​လာပြီ ဖြစ်​၍ အ​အေးဓာတ်​လည်း ပိုကဲလာပြီဖြစ်​သည်​...​ဆီးနှင်းများကျဆင်း​နေသည့်​မြင်​ကွင်းကို ပြတင်း​ပေါက်​မှန်​မှ တဆင့်​ကြည့်​လိုက်​ရင်း Venessa သက်​ပြင်းတစ်​ချက်​ချလိုက်​သည်​...ညဘက်​ရောက်​နေ​လေ အ​အေးဓာတ်​ကပိုလာ​လေ...ထို့ပြင်​အဆမတန်​ကျဆင်း​နေ​သော ဆီးနှင်း​ကြောင့်​ကား​မောင်းရသည်​မှာ အနည်းငယ်​ခက်​ခဲ​နေမည်​လေ

၄ရက်​ဟူ​သော အချိန်​မှာတ​ရွေ့​ရွေ့ကုန်​ဆုံးသွားသည်​..
Venessa နှင့်​Castor က​တော့​ဆေးရုံသို့အလာမပျက်​တစ်​ယောက်​တစ်​လှည့်​ဆီ​စောင့်​ပေး​နေကြသည်​... Venessa က​တော့ အစားအ​သောက်​များယူလာ​ပေးပြီး မနက်​မုိးလင်းမှ ညမိုးချုပ်​ခါနီးထိ​ဆေးရုံတွင်​နေ​ပေးပြီး Castorက​တော့ ညပါ​စောင့်​အိပ်​ပေးသည်​....​ဆေးရုံစတင်​ကတည်းက ယခုချိန်​ထိ သတိပြန်​မရ​သေး​သော Jack ကို ကြည့်​ပြ်ီး သူတို့ ၂​ယောက်​လုံး အားမလိုအားမရဖြစ်​မိသည်​.....

"Venessa...မင်းပြန်​ချင်​ပြန်​တော့​လေ..အရမ်းမိုးချုပ်​နေပြီ...ကား​မောင်းရတာခက်​လိမ့်​မယ်​.."

"အင်း...အဲ့တာဆို ငါသွားပြီ...​ကောင်း​သောညပါ.."

"​ကောင်း​သောညပါ.."

ခုံ​ပေါ်တင်​ထားသည့်​Coatကို​ကောက်​ဝတ်​ကာ​ဆေးရုံဝန်းထဲရှိ ကားပါကင်​သို့သွားလိုက်​သည်​...ရုတ်​တရပ်​ည​အ​မှောင်​ထဲတွင်​သူမကားအနီးမှ လူတစ်​ယောက်​ထွက်​သွားသည်​ကို​တွေ့လိုက်​ရသည်​...စိတ်​ထဲ မသင်္ကာဖြစ်​မိ​သော်​လည်း ကားကိုစက်​နှိုးကြည့်​ရာ ဘာမှ​ထွေ​ထွေထူးထူး မရှိ​သော​ကြောင့်​စိတ်​ချလက်​ချ​မောင်းထွက်​သွား​တော့သည်​....

​Matlock မြို့၌ ညဘက်​တွင်​လမ်းမများမှာ အလွန်​ရှင်းလင်း​နေသည်​...​ဆောင်းရာသီ၏ အ​အေးဓာတ်​ကြောင့်​လူတိုင်းလိုလို အိမ်​ထဲဝင်​နေကြသည်​လေ...

ကားကို​မောင်း​နေရင်း​ရုတ်​တရပ်​နောက်​ကြည့်​မှန်​တွင်​ပေါ်လာ​သော ကားအနက်​ရောင်​တစ်​စီးကို သတိထားမိသည်​..​ဆေးရုံအထွက်​မှာကတည်းက လိုက်​လာ​သော ထိုကားကို မသင်္ကာသဖြင့်​သူမကားတွင်းဖွက်​ထားသည့်​သေနတ်​ကို လက်​လှမ်းလိုက်​စဉ်​သေနတ်​သံတစ်​ချက်​နှင့်​အတူ သူမကားဘီး​ကို ထိမှန်​သွားသည်.. အရှိန်​နှင့်​မောင်းလာ​သော သူမကားကို ရပ်​တန့်​ရန်​ဘရိတ်​ကိုနင်း​သော်​လည်း အရာမယွင်း...လမ်းမ​ပေါ် နှစ်​ပတ်​သုံးပတ်​ခန့်​လည်​နေပြီး​နောက်​လမ်း​ဘေးရှိ သစ်​ချပင်​ကို အရှိန်​ဖြင့်​ဝင်​တိုက်​မိ​တော့သည်​...

Midnight Flower (Season 1)Where stories live. Discover now