Chapter 12

646 110 26
                                    

"​ဟေ့ Ven...ထ​တော့ အိမ်​ပြန်​ရောက်​ပြီ..."

ကား​ပေါ်အိပ်​ပျော်​နေသည့်​Ven ကို အတင်းလှုပ်​နိုး​သော်​လည်း နိုးမရသည့်​အဆုံး Fukouuကိုယ်​တိုင်​ပွေ့ချီကာ အခန်းထဲ​သေချာ​နေရာချထား​ပေးလိုက်​သည်​..ထို့​နောက်​အခန်းမီးကို​သေချာပိတ်​ပေးလိုက်​ကာ တံခါးကို ညင်​သာစွာပိတ်​ပြီး အခန်းထဲမှထွက်​လာလ်ိုက်​သည်​...

"Doctor Fukouu ..Lady Lorem အ​ခြေအ​နေ.."

"​ကောင်းပါတယ်​မနက်​ကျ ကျွန်​တော်​နောက်​တစ်​ခေါက်​ပြန်​လာပြီး သူ့ကို ကြည့်​ပေးမယ်​...စိတ်​မပူပါနဲ့ .."

"ဟုတ်​ကဲ့...​ကျေးဇူးတင်​ပါတယ်​...ညမိုးချုပ်​နေ​တော့ ပြန်​ရတာအဆင်​ပြေပါ့မလား...

"Oh...​ပြေပါတယ်​စိတ်​မပူပါနဲ့...အဲ့တာဆို ကျွန်​တော်​ပြန်​လိုက်​ပါဦးမယ်​...​ကောင်း​သောညပါ..."

နှုတ်​ဆက်​ပြီးပြန်​သွားသည့်​Fukouu၏​ကျောပြင်​ကို တစ်​ချက်​ငေးကြည့်​ပြီး​နောက်​Venessa ၏ အခန်းတံခါးကို ဟကာ အတွင်းဘက်​သို့ကြည့်​လိုက်​သည်​...
​ပြီးမှ စိတ်​ချသွားသည့်​မျက်​နှာဖြင့်​အောက်​ထပ်​သို့ဆင်းသွား​တော့သည်​...

"ဘုရားသခင်​..ကျွန်​တော့်​ဆီက ဒီက​လေးမ​လေးကို​တော့ ဆွဲမထုတ်​သွားပါနဲ့..ကျွန်​တော့်​မှာ ကာကွယ်​ပေးစရာ သူပဲကျန်​တော့လို့ပါ"

သက်​ပြင်းတစ်​ချက်​ကို ချလိုက်​ကာ သူ၏ အခန်းထဲသို့ဝင်​သွားလိုက်​တော့သည်​....သူနာကျင်​မှုများကိုပြန်​လည်​တွေး​တော​နေသည်​ကို Venessaသိပါက ထိုင်​ဆူပူ​နေမည်​ကို​တွေးကာဝမ်းနည်း​နေသည့်​ကြားမှ တချက်​ပြုံးလိုက်​မိ​တော့သည်​....
သူ့အတွက်​Venessa သည်​ခေါင်း​ဆောင်​တစ်​ယောက်​ဆိုတာထက်​ပင်​ပို၍ ညီမ​တစ်​ယောက်​ကဲ့သို့ သ​ဘောထားသည်​လေ...

ထိုအချိန် Matlock မြို့၏ ကြီးကျယ်​ခမ်းနားလှ​သော စံအိမ်​တစ်​ခုတွင်​အမျိုးသားတစ်​ယောက်​နှင့်​အမျုိးသမီးတစ်​ယောက်​အ​ခြေအ​တင်​စကား​ပြော​နေကြသည်​...အတ်ိအကျ​ပြောရ​သော်​Lim Yaung နှင့်​Lim Chan Yan ပင်​ဖြစ်​သည်​...သူတို့၂ဦး​ရှေ့ချထားသည့်​အသီးပန်းကန်​နှင့်​Wine ခွက်​မှာ အရာပင်​မယွင်း​သေး​ပေ..

Midnight Flower (Season 1)Tahanan ng mga kuwento. Tumuklas ngayon