Chapter 7

698 107 40
                                    

"Limသခင်​လေး​လေယာဉ်​လက်​မှတ်​ကော ဗီဇာ​ကော ရလာပါပြီ..."

အချိန်​၃ရက်​ခန့်​စောင့်​ဆိုင်းပြီး​နောက်​Matlock သို့သွားရန်​ဗီဇာရရှိပြီဖြစ်​သည်​....လူမသိသူမသိ​အောင်​သိုသိုသိပ်​သိပ်​သွားမည်​ဖြစ်​၍​လေယာဉ်​လက်​မှတ်​ကိုပင်​ဈေးအသင့်​တင့်​လက်​မှတ်​သာ ဝယ်​ထားသည်​..သူတစ်​ယောက်​တည်းသာ သွားမည်​ဖြစ်​၏...သို့​သော်​သူနှင့်​အရိပ်​ပမာဖြစ်​နေ​သော Fengက​တော့​သူ့နှင့်​လက်​တစ်​ကမ်းတွင်​ပါလာမည်​လေ....

"မနက်​ဖြန်​မနက်​၄နာရီ​လေယာဉ်​ပဲ...​"

"ဟုတ်​ပါတယ်​Lim သခင်​လေး.."

"​မင်းလည်းဒီ​နေ့ နားလိုက်​ပေါ့...မနက်​ဖြန်​ခရီးထွက်​ရမှာပဲ..ငါက​တော့ အမကို ကြိုတင်​ပြောလိုက်​ဦးမယ်​"

"ဟုတ်ကဲ့ပါ Lim သခင်​လေး​ကောင်း​သောညပါ.."

အပြင်​သို့ထွက်​သွားသည့်​Feng ကို​ငေးကြည့်​နေရင်း Lim Yaung နှစ်​နှစ်​ခြိုက်​ခြိုက်​ပြုံးလိုက်​သည်​...

"​Feng...တစ်​နေ့​တော့ ငါ့​ရှေ့မှာ မင်းရဲ့မျက်​နှာဖုံးကို ချွတ်​ပြရလိမ့်​မယ်​..."

တင်းကြပ်​နေသည့်​ဝတ်​ရုံခါးစည်းကြိုးကို အ​တော်​အသင့်​ဖြေ​လျော့ပြီး​နောက်​ခုံ​ပေါ်တင်​ထားသည့်​ဝိုင်​ခွက်​ကို တစ်​ငုံမျှ​မော့​သောက်​လိုက်​ပြီး သူ၏ အမဖြစ်​သူ Chan Yan ကို ဖုန်းဆက်​လိုက်​သည်​...

"Hello...အစ်မChan Yan ...ကျွန်​တော်​မနက်​ဖြန်​မနက်​Matlock ကို ထွက်​လာမယ်​.."

"​ကောင်းတာ​ပေါ့...ဒါနဲ့​လေ ဟို​မိန်းက​လေးက အိမ်​မှာလာမ​နေဘူးတဲ့..ငါ့အကြံတစ်​ခု​တော့ လွင့်​ပစ်​လိုက်​ရပြီ.."

"ကျွန်​တော်​လာတဲ့အထိ​စောင့်​နေပါ...အခု​တော့ ခဏ​လေး အချိုသတ်​ထားလိုက်​လေ.."

"​အေးပါ..ငါ့​ယောက်ျားပြန်​လာ​နေပြီ...နင့်ကို ငါလာမကြို​တော့ဘူး​နော်​..ငါတို့အ်ိမ်​ကိုသာတခါတည်း တန်းလာလိုက်​..ဒါပဲ​နော်​"

ဖုန်းလိုင်းပြတ်​တောက်​သွားပြီး​နောက်​Lim Yaung သူ၏ ဆံပင်​များကို လက်​ဖြင့်​သပ်ချလိုက်​သည်​..ဖွင့်​ထား​သောပြတင်း​ပေါက်​မှ​ဆောင်း​လေ​အေး​များဝင်​လာသည်​....သူ၏ အခန်း​ရှေ့တွင်​စိုက်​ထား​သော ခရမ်း​ရောင်​ဖ​ယောင်းပန်းခင်းက​လေတိုက်​တိုင်း ယိမ်းထိုးလှုပ်​ရှား​နေသည်​...သူ၏ အ​တွေးထဲ​ပေါ်လာ​သော တစ်​စုံ​တစ်​ယောက်​ကြောင့်​ပြုံးလိုက်​မိသည်​

Midnight Flower (Season 1)Wo Geschichten leben. Entdecke jetzt