Chapter 17

1.1K 117 39
                                    

Venessa သူမအိတ်​ကပ်​ထဲမှ​ငွေ​ရောင်​ဓား​တိုကို ဆွဲယူကာ အသင့်​အ​နေထား​နေလိုက်​သည်​...အလင်း​ရောင်​အောက်​တွင်​သူမ၏ လက်​စွပ်​နှင့်​ငွေဓားတို့မှာ အလွန်​တောက်​ပ​နေ​လေသည်​....

"အဲ့လက်​စွပ်​က!!!!ခရမ်း​ရောင်​ပန်း​လေး...မင်းမဟုတ်​ဘူး မလား...မဟုတ်​ဘူးလို့​ပြောစမ်းပါ..."

သူမ​ရှေ့မှ​ကြေကွဲ​နေသည့်​မျက်​နှာဖြင့်​အော်​မေး​နေသည့်​Lim Yaung ကို တအံ့တသြ စိုက်​ကြည့်​နေလိုက်​သည်​...ဘာလို့များ ဒီ​လောက်​ထိ ခံစားပြ​နေတာလဲ

"မင်း..တကယ်​ဟန်​ဆောင်​ကောင်းတယ်​နော်​..စုံ​ထောက်​အဖြစ်​နဲ့ Midnight Flowerကို  လာထိပါးတဲ့ သူ​မှန်​သမျှ လိုက်​ရှင်းထုတ်​နေတာ​ပေါ့..."

Lim Yaung ၏ အ​မေးကို သူမ အားရပါးရ​လှောင်​ရယ်​ရင်း​ဖြေလိုက်​သည်​..

"ဟုတ်​တယ်​...တစ်​ချက်​ခုတ်​နှစ်​ချက်​ပြတ်​ပေါ့...​မေ့လို့နင်​တို့နဲ့ အလုပ်​လုပ်​တဲ့ Long ဂိုဏ်း​တောင်​ပါသွား​သေးတယ်​မလား..."

"အဲ့တာ မင်းလက်​ချက်​မှန်း ငါတို့ရိပ်​မိပါတယ်​...မဆိုးပါဘူး တစ်​ချိန်​လုံး ဟန်​ဆောင်​ပြီး​နေခဲ့တာပဲ​.."

"ဟုတ်​တယ်​...ငါက Venessa Lorem...Midnight Flower ရဲ့ ၁၂​ယောက်​မြောက်​ခေါင်း​ဆောင်​Lady Lorem ပဲ...ပြီး​တော့ ငါပိုင်​ဆိုင်​တဲ့​နေရာကို လာ​ရောက်​ထိပါးတဲ့အတွက်​နင့်​ကို အသက်​ရှင်​ခွင့်​မ​ပေးဘူး...."

ဓားကို ဆွဲထုတ်​ကာ Lim Yaung ဆီ​ပြေးဝင်​သွားလိုက်​ရင်း​အော်​ပြောလိုက်​သည်​...

"​ကောင်းပြီ​လေ..မင်းက သိပ်​တိုက်​ခိုက်​ချင်​နေတယ်​ဆိုလည်း တိုက်​ခိုက်​ကြတာ​ပေါ့... Long ဂိုဏ်းရဲ့ ပထမသခင်​လေး၊ ငါ Lim Yaung..က Long ဂိုဏ်းရဲ့ အ​နှောင့်​အယှက်​တစ်​ခုဖြစ်​နေတဲ့ မင်းတို့က်ို ဒီ​နေရာမှာတင်​အပြတ်​ရှင်းပြမယ်​."

Lim Yaung ၏​နောက်​ဆုံးအဆုံးသတ်​စကား​ကြောင့်​Venessa ၏ မျက်​ဝန်းတစ်​စုံမှာ ပြူးကျယ်​သွား​တော့သည်​...Lim Yaungက Long ဂိုဏ်းရဲ့ ပထမသခင်​လေးဖြစ်​နေသည်​တဲ့လား...သူမမျက်​စိ​ရှေ့တွင်​ရှိ​နေခဲ့​သော ရန်​သူကို ဘာလို့များ မမြင်​ခဲ့မ်ိပါလိမ့်....

Midnight Flower (Season 1)On viuen les histories. Descobreix ara