Chapter 16

643 93 33
                                    

"အစ်မ ဟို​နေ့ ဖက်​ထုပ်​လုပ်​စားတဲ့​နေ့က ဘာလို့ အဲ့လိုလုပ်​လိုက်​တာလဲ..အစ်မ အဲ့လိုလုပ်​လိုက်​တော့ Lous က သူ့သမီးကို  ဒီကို ပြန်​ခေါ်​တော့မှာ မဟုတ်​ဘူး..."

စားပွဲ​ပေါ်တင်​ထားသည့်​ပန်းသီးစိတ်​ကို​ကောက်​စားလိုက်​ရင်း​မေးမြန်းလိုက်​သည်​...Lous ဆိုသည်​မှာ Chan Yan ကို အ​သေအလဲ အလိုလိုက်​ကြင်​နာလှသည့်​အပြင်​သူမအတွက်​မိသားစုကိုပင်​စွန့်​ပစ်​ထားသည့်​လူတစ်​ယောက်​ဖြစ်​သည်​လေ....

"Yaung.... သူ့ကို အနားမှာ ထားရင်​ပထုတ်​ရတာ လွယ်​ပေမယ့်​နောက်​ပိုင်းကိစ္စက ရှင်းရခက်​တယ်​...အထူးသဖြင့်​Venessa​နောက်​ကွယ်​မှာ Midnight Flowerရှိတယ်​သတင်းရပြီးကတည်းက ငါ သူ့ကို အ​ဝေးမှာ ထားတာ ပိုသင့်​တော်​တယ်​လို့မြင်​တယ်​..."

"Sam ကိစ္စက သူနဲ့တိုက်​ရိုက်​ပတ်​သက်​နေတယ်​...
သူ့ကို ဖမ်းမိတယ်​လို့ Sam ဆီက​နောက်​ဆုံး phone call ရ​သေးတယ်​..​ဒါ​ပေမယ့်​မနက်​ရောက်​တော့ Sam စံအိမ်​တစ်​ခုလုံး မီးရှို့ခံရတယ်​လို့ သတင်း​ကြေညာ​ကော...Venessa ရဲ့ဖြစ်​တည်​မှုက Midnight Flower အတွက်​အရမ်းအ​ရေးပါမှန်းသိသာတယ်​.."

Lim Yaung ခုံ​ပေါ်တင်​ထားသည့်​ရေခွက်​ကို ယူ​သောက်​လိုက်​ရင်း​ပြောလိုက်​သည်​...Chan Yan က​တော့ စီးကရက်​ဘူးထဲမှ စီးကရက်​တစ်​လိပ်​ကို ထုတ်​ကာ မီးညှိ​နေလိုက်​သည်​..

"Lousက သူ့မိန်းမကိုသာ သူစွန့်​ပစ်​တာ သူ့သမီး Venessa ကိုသူမစွန့်​ရက်​ဘူး....အဲ့​နေ့က Venessa သူ့အ​မေနဲ့ ပါသွား​တော့ Lous ဘယ်​လောက်​နာကျင်​သွားလဲ သိလား.."

စီးကရက်​ကို တစ်​ချက်​ခန့်​ဖွာထုတ်​လိုက်​ရင်း​ပြောလိုက်​သည်​..သူမ မျက်​ဝန်းအစုံမှာ အထက်​သို့​လွင့်​မျောသွားသည့်​စီးကရက်​ငွေ့များကို​ငေး​မောကြည့်​နေသည်​....

"ငါတို့ Long ဂိုဏ်း ဥ​ရောပမှာ​နေရာရဖို့ Lous ရဲ့ အင်​အားလိုတယ်​...အခုLous အင်​အားရဲ့ တစ်​ဝက်​ကျော်​က Elisa ပစ္စည်း​တွေက​နေ ဖြစ်​လာတာ.အကယ်​၍များ သူသာ Venessa ကို ပြန်​ခေါ်လိုက်​ရင်​ငါတို့​မျှော်​မှန်းထားတဲ့ Long ဂိုဏ်း ဥ​ရောပမှာ​နေရာရမယ့်​အစီအစဉ်​ကပျက်​စီးသွားလိမ့်​မယ်​...အဲ့ဒီ့အပြင်​ငါတို့အကြံ​တွေကိုပါ Venessa သိသွားမှာ."

Midnight Flower (Season 1)Onde as histórias ganham vida. Descobre agora