Chapter 11

605 114 49
                                    

"အ........."

​မြေ​အောက်​ခန်းအတွင်း၏​ကြမ်းပြင်​ပေါ်​ဆောင့်​တွန်းခံလိုက်​ရသဖြင့်​ကျောရိုးနှင့်​ခုံ​စောင်းတိုက်​မိသွား​လေသည်​...ပြန်​ထဖို့အားယူ​နေဆဲမှာပင်​ပါးပြင်​ပေါ်ကျလာ​သော ရိုက်​ချက်​တစ်​ခု...​ဖြောင်း ဟူ​သော အသံနှင့်​အတူ လူပါ တစ်​ဖက်​သို့ယိုင်​ကျသွားသည်​...ပါး​စောင်​နှင့်​အံသွား ပွတ်​တိုက်​သွားသဖြင့်​ပါးစပ်​မှ​သွေးများပင်​ယိုကျလာသည်​...​ငန်​ကျိကျိ​သွေးစများကို​ကြမ်းပြင်​ပေါ်​ထွေးထုတ်​လိုက်​ပြီး​နောက်​ပြန်​မော့ကြည့်​လိုက်​သည့်​Venessa...အသနားခံခြင်းလုံးဝမရှိဘဲ​လှောင်​ပြုံးပြုံး​နေ​သော သူမမျက်​နှာ​ထား​ကြောင့်​နောက်​ထပ်​ကန်​ချက်​တစ်​ခုမှာ သူမရင်​ဘတ်​သို့​ရောက်​လာသည်​...

​အောင့်​တက်​သွား​သော ခံစားချက်​နှင့်​အတူ​နောက်​ထပ်​ထွေးထုတ်​လိုက်​သည့်​သွေးစများ....အင်း​လေ..ဘယ်​သူကများ Venessa​လေး အိမ်​ထဲဝင်​လာထိုင်​လက်​ဖက်​ရည်​သောက်​ဟု​ပြောမည်​နည်း...မလှုပ်​နိုင်​တော့သည့်​အထိ ရိုက်​နှက်​ပြီးမှ​မေးမြန်းမည်​ကို စစကတည်းကပင်​ရိပ်​မိ​နေသည်​...

"​တော်​တော့...ကဲ ကြီးကျယ်​ခမ်းနားလှတဲ့ စုံ​ထောက်​Venessa....Midnight Flower အ​ကြောင်း​ပြောပြလို့ရပြီ..."

ရုတ်​တရပ်​လက်​ကနဲ​ပေါ်လာသည့်​အရာ​ကြောင့်​Sam​ဘေးဘက်​သို့​ရှောင်​လိုက်​သည်​...သူထင်​ထားသည့်​အတိုင်း စားပွဲ​ပေါ်တင်​ထားသည့်​ပန်းသီးလှီးသည့်​ဓားနှင့်​ကောက်​ပစ်​လိုက်​ခြင်းဖြစ်​သည်​....
အ​နောက်​မှ ချူပ်​ကိုင်​လိုက်​သည့်​အ​စောင့်​၂​ယောက်​လက်​ထဲမှ အတင်း ရုန်း​နေသည့်​Venessa မျက်​နှာကို ဘယ်​ပြန်​ညာပြန်​၄ချက်​ဆင့်​ရိုက်​လိုက်​သည်​...
ထို့​နောက်​ဝမ်းဗိုက်​အ​ပေါ်ပိုင်းသို့ ထိုးသွင်းလိုက်​သည့်​လက်​သီးတစ်​ချက်​အပြီးတွင်​Venessa​ခေါင်းပင်​ပြန်​မ​ဖော်​နိုင်​ပဲ ပါးစပ်​မှ​သွေးများ ပွက်​ကနဲ ကျလာသည်​...

"ကဲ​ပြောစမ်း...Midnight Flowerအ​ကြောင်း..."

စကားပြန်​မလာသည့်​Venessa ကို ကြည့်​ရင်းစိတ်​မရှည်​တော့သဖြင့်​အေးစက်​နေ​သော​ရေများက်ို​ခေါင်းမှ​လောင်းချခိုင်းလိုက်​သည်​..​ရေမွန်းသွား​သော​ကြောင့်​ချောင်းများဆိုးကာ​အသက်​ကိုလု၍ရှူရှိုက်​နေရ​သော Venessa ၏​မေး​စေ့ကို​ဆွဲကိုင်​ကာ မျက်​နှာချင်းနီးကပ်​စေ၍ သတိ​ပေးလိုက်​သည်​...

Midnight Flower (Season 1)Where stories live. Discover now