chapter 15

598 98 22
                                    

အချိန်​များက တဖြည်းဖြည်းကုန်​ဆုံးသွား​သည်​...December လအစသို့ပင်​ရောက်​မှန်းမသိ​ရောက်​လာပြီ​လေ...လအစပိုင်းကတည်းကပင်​ခရစ္စမတ်​ပွဲ​တော်​အတွက်​ပြင်​ဆင်​နေကြပြီ....လမ်း​တိုင်းလမ်းတိုင်းတွင်​လည်း​ရောင်​စုံမီးသီးများကို စတင်​တပ်​ဆင်​၍ အလှဆင်​နေကြပြီ....

ဖြူ​ဖွေးလှပ​သော နှင်းများကလည်း ယခင်​ကထက်​ပိုမို ကျဆင်း​နေ​လေသည်​..သစ်​ပင်​များ သစ်​ကိုင်းများတွင်​လည်း နှင်းများဖုံးလွှမ်း​နေသလို လမ်း​ဘေးမြက်​ခင်းများအစား နှင်းပြင်​ကျယ်​ကြီးကသာ ကြီးစိုး​နေ​လေသည်​...

Flora စံအိမ်​တွင်းတွင်​တော့ ထုံးစံအတိုင်းပင်​အရာရာတိုင်းဟာ တိတ်​ဆိတ်​နေသည်​...​စာကြည့်​ခန်းထဲ၌ Sofa တွင်​မှီထိုင်​ကာ ကဗျာစာအုပ်​တစ်​အုပ်​ကို ဖတ်​နေသူမှာ  Venessaဖြစ်​သည်​...သူမ​ရှေ့တွင်​တော့ အ​နွေးဓာတ်​ရ​စေရန်​ဖိုထား​သော မီးဖိုရှိ​နေသည်​..​ဘေးဘက်​ရှိ ခုံ​ပေါ်တွင်​တော့​ချောကလက်​ကွတ်​တီးများထည့်​ထား​သော ပန်းကန်​တစ်​ချပ်​နှင့်​အ​ငွေ့တ​ထောင်း​ထောင်းထ​နေ​သော​ကော်​ဖီခွက်​ရှိ​နေသည်​...
အရာရာသည်​အေးချမ်းတိ်​တ်​ဆိတ်​လျက်​....တိတ်​ဆိတ်​နေမှုကို ဖြိုခွင်းလိုက်​သည်​က တံခါး​ခေါက်​သံ၃ထျက်​ပင်​ဖြစ်​သည်​....ထိုတံခါး​ခေါက်​သံနှင့်​အတူ အိမ်​တော်​ထိန်း Fridi၏ အသံကိုပါကြားလိုက်​ရသည်​..

"Lady Lorem..ဝင်​ခွင့်​ပြုပါ..."

"ဝင်​လာခဲ့..."

အခန်းထဲသို့ အိမ်​တော်​ထိန်း Fridiသည်​စာအ်ိတ်​အညိုတစ်​ခုနှင့်​အတူ အခန်းထဲဝင်​လာသည်​..ထိုစာအိတ်​ကို Venessa ဆီကမ်း​ပေးလိုက်သည်​...စာအိတ်​ကို ဖွင့်​ကြည့်​လိုက်​တော့ သူမ​ပြောထားသည့်​အတိုင်း Chan Yan နှင့်​Yaung တို့၏ အချက်​အလက်​အချို့.....

Lim Yaung နှင့်​Lim Chan Yan သာကျန်​ရှိ​နေ​သောLim မိသားစုသည်​အာရှတိုက်​တွင်​အချမ်းသာဆုံးစာရင်းဝင်​မိသားစုဖြစ်​သည်​....သူတို့၏ပိုင်​ဆိုင်​မှုသည်​သူမအ​ဖေ၏ ပိုင်​ဆိုင်​မှုထက်​ပင်​များပြား​နေ​သော​ကြောင့်​Venessa ကြက်​သီးထသွား​တော့သည်​...ထို့ပြင်​LIM မိသားစုပိုင်​လုပ်​ငန်းများကလည်း တရူတ်​နိုင်​ငံတစ်​ခုလုံးတွင်​လက်​ညိုးထိုးမလွဲရှိ​နေ​သေးသည်​...

Midnight Flower (Season 1)Where stories live. Discover now