Chapter 9

662 105 56
                                    

၁ပတ်​ဟူ​သော အချိန်​မှာ ဖြည်းညှင်းစွာ ကုန်​သွားခဲ့ပြီ..

ည​နေ၄နာရီသာရှိ​သေး​သော်​လည်း​ဆောင်းရာသီတွင်းဝင်​နေပြီဖြစ်​၍​မှောင်​စသမ်း​နေပြီ...​Matlock မြို့တွင်​တေ့ာ ဆီးနှင်းများကျဆင်း​နေ​လေပြီ...နှင်းခဲ​လေးများက သစ်ကိုင်းများတွင်​စုပုံ​နေသလို လမ်းတစ်​လျှောက်​လည်းစုပုံ​နေ​သေးသည်​...လူတိုင်း​သည်​လည်း​လမ်းမထက်​တွင်​နေ့စဉ်​ဘဝအတွက်​လှုပ်​ရှားသွားလာ​နေရသညိ

ယ​နေ့တွင်​တော့ Flora စံအိမ်​တွင်းတွင်​ထူးထူးခြားခြားအလုပ်​များ​နေကြသည်​...အိမ်​တော်​ထိန်း Fridi သာမက တခြား​သော စံအိမ်​အလုပ်​သမားများပါ ဟို​ပြေးဒီ​ပြေးနှင့်​...တစ်​ယောက်​မှ ငြ်ိမ်​ငြိ်​မ်​မ​နေရ​ပေ..

"ဟဲ့ အင်္ကျီ​သေချာမီးပူတိုက်​ပြီးရင်​Lady lorem အခန်းထဲထည့်​ထား​ပေးလိုက်​လေ.."

"ဟဲ့ ... ဖိနပ်​တွေကို​ကော​ထုတ်​ပေးပြီးပြီလား..."

"ဥယျာဉ်​မှူးဆီက ပန်းသွားယူလိုက်​ဦး..."

သူ့​ရှေ့တွင်​ပြေးလွှား​နေကြသည့်​သူများကိုကြည့်​ရင်း မူး​နောက်​လာသဖြင့်​ထ​အော်​လိုက်​တော့သည်​..

"ငါ Partyပွဲ​လေးပဲသွားတာ​လေ...​ယောက်ျားသွားယူမှာမှ မဟုတ်​တာ..ဘာလို့စစ်​ဖြစ်​သလို​ပြေးလွှား​နေရတာလဲဟ!!!!!"

​ဘေးမှ ထိုင်​ကြည့်​နေသည့်​Fukouuက​တော့ အားရပါးရ ရယ်​ချလိုက်​သည်​...အူ​ကြောင်​ကြောင်​အိမ်​တော်​ထိန်း အလုပ်​သမားများနှင့်​အဆုံးထိ​တွေး​သော Venessa လိုက်​လည်းလိုက်​ဖက်​လွန်းပါသည်​...

"Venessa....သူများ​တွေ​ပြေးလွှားတာမ​ပြောနဲ့ မင်း​တောင်​ရေချိုးပြီးပြီမို့လား...ညစ်​ပတ်​တာကွာ.."

စကားအဆုံး ဒိုင်းကနဲရလိုက်​သော မျက်​စောင်းတစ်​ချက်​....

"တိတ်​စမ်း....ငါ အခုချက်​ချင်းပြင်​ဆင်​ပြမယ်​..."

​ရေချိုးခန်းတွင်းဝင်​ကာ ၅မိနစ်​အတွင်း​ရေကိုမြန်​မြန်​ချိုးကာ ၂မိနစ်​အတွင်း​ရေများကို​ပြောင်​အောင်​သုတ်​လိုက်​ပြီး အဝတ်​အစားဝတ်​ဆင်​ခြင်းအနုပညာကိုစတင်​တော့သည်​...Lim Yaung​ပေးထားသည့်​အင်္ကျီကိုမဝတ်​လို​သော​ကြောင့်​တခြားအင်္ကျီများကို ဝတ်​ရန်​ကြည့်​ကြည့်​သော်​လည်း ပွဲတက်​ရန်​အတွက်​တစ်​ထည်​မှ မလိုက်​ပေ..ရှားရှားပါးပါးအပ်​ချူပ်​သည်​ဆီအပ်​ထား​သည့်​တစ်​ထည်​တည်း​သော ဂါဝန်​လေးမှာလည်း အခုထိ ပိတ်​စဘဝကမကျွတ်​သေး​ပေ..ဖုန်းဆက်​တိုင်း​နောက်​အပတ်​လာယူ​ပြော​နေ​သော အပ်​ချုပ်​သည်​ကို အ​ရေခွံနွှာချင်​စိတ်​များတဖွားဖွား​ပေါ်လာသည်​...ပွဲတက်​လေ့ပွဲတက်​ထမရှိ​သော သူမအတွက်​ပွဲတက်​ဝတ်​စုံအပိုဆိုသည်​မှာလည်း မရှိ​ပေ...

Midnight Flower (Season 1)Where stories live. Discover now