Chapter 10

629 95 55
                                    

( အဲ့ဒီ့ ခရမ်း​ရောင်​ဖ​ယောင်းပန်းလက်​စွပ်​က..... ငါမြင်​ဖူးတယ်​Elisa လက်​စွပ်​....အဲ့ဒါဆို Venessa က Elisa ရဲ့သမီး​လေးလား....)

​Venessa အ​ကြောင်း​တွေး​နေရင်းမှ ELISA ဆိုသည့်​အမျိုးသမီးတစ်​ယောက်​အ​ကြောင်းကိုပါ​တွေးမ်ိလာသည်​

Elisaသည် ကံဆိုးစွာဖြင့်​အထီးကျန်​ဘဝဖြင့်​သေဆုံးသွားခဲ့ရသူဖြစ်​သည်​..လုပ်​ငန်းပျက်​စီးပြီး​နောက်​အထက်​တန်းအလွှာမှ လုံးဝ​ပျောက်​ကွယ်​သွားကာ ၁၀နှစ်​ကျော်​အကြာမှ ကွယ်​လွန်​ကြောင်းသတင်းတစ်​ပုဒ်​သာ သတင်းစာထဲတွင်​တွေ့လိုက်​ရသည်​....စင်​စစ်​အားဖြင့်​ဘာမှမရှိသည့်​ဗလာနတ္တိသမားတစ်​ယောက်​ကို ရှိသမျှ စည်းစိမ်​ပုံ​အောပြီးချစ်​ရဲသည့်​Elisa ကို အ​ကြောင်းသိသူများက ငတုံးမဟု​ပြောကြသည်​...Elisa ၏ မိသားစုကလည်း ဤမျှ မိုက်​ကန်းသည့်​သမီးကို​သေခန်းဖြတ်​လိုက်​ကြသည်​...

​တွေးရင်း Sam cocktailကို​သောက်​လိုက်​သည်​.Venessa သည်​Elisa သမီးဖြစ်​နိုင်​သော်​လည်း လက်​စွပ်​ပုံစံကို​သေချာမမြင်​ရသဖြင့်​မ​သေချာဟု​တွေးလိုက်​သည်​....သူ၏ မျက်​လုံးထဲတွင်​တော့ မကြာခင်​အစိတ်​အစိတ်​အမြွှာမြွှာ ဆုတ်​ဖြဲခံရမည့်​မိန်းက​လေးတစ်​ယောက်​ကိုသာ မြင်​ယောင်​နေသည်​......

"​Venessa.. Chief Castor ကျွန်​တော်​နည်းနည်း​နောက်​ကျသွားတယ်​.."

ခလုတ်​မတိုက်​ရုံတမယ်​ပြေးလာ​သော Jack ကို ကြည့့်ပြီး Castor ဟိုဘက်​လှည့်​နေလိုက်​သည်​...Chief Castor ဟုလူအများက အထင်​ကြီး​နေကြချိန်​တွင်​ကြပ်​မပြည့်​သော တပည့်​နှင့်​ချေမိုးလွန်း​သော လုပ်​ဖော်​ကိုင်​ဖက်​ကို ထိန်း​ကျောင်း​နေရသည်​ကို ဘယ်​သူမှမသ်ိ​ပေ...

"Jack...နင်​နောက်​ကျတယ်​...​နောက်​နေ့ ငါ့တို့၂​ယောက်​ကို မုန့်​ဝယ်​ကျွေးရမယ်​.."

အနား​ရောက်​သည်​နှင့်​မုန့်​ဝယ်​ကျွေးဖို့​ပြောလိုက်​သော Venessa​ကြောင့်​Jack ခမျာ ငိုမဲ့မဲ့ဖြစ်​သွား​တော့သည်​...အစား​အ​သောက်​သောင်းကျန်းလွန်း​သော Venessa နှင့်​Castor ကိုမုန့်​ဝယ်​ကျွေးလိုက်​ပါက သူ့၏ ၁လစာမှာ​ကြက်​ပျောက်​ငှက်​ပျောက်​ပျောက်​သွားလိမ့်​မည်​လေ.....

Midnight Flower (Season 1)Where stories live. Discover now