{Unicode}
"ဟားဟား... ချစ်ဖို့ကောင်းတယ်"
ဒီလူကြီး ပါးစပ်က ထွက်လာသော "ချစ်ဖို့ကောင်းတယ်" ဆိုသော စကားလုံးက အမှန်တကယ်ပင် Eunbi ကို တုန်လှုပ်စေသည်။ ဖျက်ခနဲ မော့ကြည့်မိတော့Jeon Jungkook ဆိုတဲ့ ဦးက ချစ်စရာကောင်းအောင် ရယ်နေသေးတာ။
Eunbi ကြည့်လိုက်တဲ့ အချိန် သူကလည်း ကြည့်နေတာမို့ Eunbi အနည်းငယ် ရှက်ရွံ့ကာ ခေါင်းပြန်ငုံ့လိုက်ပြီး game ပြန်ဆော့ သော်လည်း လက်က တုန်နေပြန်တော့ ချက်ချင်းကို ရှုံးလေသည်။ Internet နဲ့ချိတ်ပြီး Taeho နဲ့ သတ်နေကြခြင်းမို့ သူနိုင်သွားတော့ Taeho က ထခုန်သည်။
"Yes... Yes... ရှုံးသွားတာ ပျော်ရဲ့လား noona..."
"Jung Taeho!"
Eunbi အံကြိတ်ပြီး Taeho ကို လက်သီး ထောင်ပြလိုက်သည်။
"Ok noona... ခင်မင်မှု ရသွားပြီဆိုတော့ နောက်တစ်ခါ ကျောင်းနောက်ကျရင်လည်း အတူတူ အုတ်တံတိုင်း ကျော်တက်ကြတာပေါ့..."
Taeho စကားအဆုံးမှာ Eunbi ရဲ့ ရင်ခုန်နှုန်းတွေ အဆုံးအစွန်ထိ မြင့်တက်သွားပြီး ဆံပင်မွှေးတွေပါ ထောင်သွားသလို ခံစားလိုက်ရသည်။
သူ ကြားသွားလေမလား။ ရှက်စရာကြီးနော်။ မိန်းကလေး တန်မဲ့ ကျောင်းနောက်ကျလို့ အုတ်တံတိုင်း ကျော်တက်တယ် ဆိုတာကြီးက လူကို တကယ်ကို အထင်သေးစေမှာ မဟုတ်လား။
မကြားပါစေနဲ့ ဆုတောင်းရင်းဘဲ Taeho ခေါင်းကို ခပ်ဖွဖွ လှမ်းခေါက်ကာ Eunbi တစ်ယောက် ခေါင်းကိုသာ ငုံ့ထားမိလိုက်သည်။
ပုံမှန်ဆို ကတ်ကတ်လန်အောင် ပြန်ရန်တွေ့မယ့် Eunbi ဆိုပေမယ့် Jeon Jungkook ဆိုတဲ့ ဦးအရှေ့မှာကျတော့ ရှက်မိသလိုလိုပဲ။ ရှက်တာထက် ရှိန်တယ်ဆို ပိုမှန်မလား။ တကယ်ကို အနေရခက်နေသည်။
အတန်ကြာလို့ Eunbi ခေါင်းကို အသာလေး ထောင်ပြီး သူရှိရာကို ကြည့်မိတော့ အခြား လုပ်ဖော်ကိုင်ဖက်တွေနှင့် စကားပြောနေသည်။ စကား ပြောနေပုံလေးကိုက ထူးချွန်ထက်မြက်မှန်း သိပ်သိသာလှပါသည်။ အမူအရာလေးနဲ့ ချက်ကျလက်ကျ ပြောနေတဲ့ သူက တကယ်ကို ငေးမောစရာပင်။