{Unicode}
"ဦး... ဒီကိုလာလေ"
Tulip ရောင်စုံ ပန်းခင်းထဲမှာ camera လေး တစ်လုံးနဲ့ ဓါတ်ပုံ လိုက်ရိုက်နေတဲ့ ကလေးက Jungkook ကို အနားလာဖို့ လက်ယက်ခေါ်တာမို့ Jungkook သူမအနားကို ပန်းတွေကြားကနေ လျှောက်လာခဲ့သည်။
Tulip ပန်း ရောင်စုံတွေကြားထဲ ဖြတ်လျှောက်လာရင်းက သူတို့ရဲ့ အနံ့သင်းသင်းက Jungkook ကို ပိုပြီး လန်းဆန်းစေသည်။ Tulip ရောင်စုံတွေကြား T shirt အနီလေးနဲ့ ထင်းနေတဲ့ ကလေးကလည်း ပန်းလေးတွေလို လှချင်တိုင်း လှနေတော့တာ။ ပိုတယ်ပြောလည်း မတတ်နိုင်ဘူး။ ချစ်တာကိုး။
"so smart ပဲ ဦး..."
"ဟင်..."
"ဦး လမ်းလျှောက်လာတဲ့ပုံက တကယ်မိုက်တယ်။ နတ်သားလေး အတိုင်းပဲ၊ နတ်သားလေး ထက်တောင် အများကြီး ပိုပြီး ချောတာ"
Jungkook ကျေနပ်ပြီး သဘောတကျ ရယ်လိုက်မိသည်။ ဒီအတိုင်း ဘောင်းဘီ အိတ်ထောင်ထဲ လက်လေးတစ်ဖက် ထည့်ပြီး လျှောက်မိတာကို အမွှန်းတင်နေပုံများ။
"ကိုယ်က အဲ့လောက်တောင် ချောတာလား"
"အဲ့ထက် ပိုတာပေါ့... ပြုံးနေ"
မပြောမဆိုနဲ့ Jungkook ကို snap ဖမ်းလိုက်တဲ့ ကလေးငယ်။ ပြီးတော့ သူ့ဘာသူ ပြန်ကြည့်ပြီး သဘောကျနေလေရဲ့။ Jungkook လည်း သူမလေးကို ကြည့်ပြီး ပြုံးနေမိတာ။ Eunbi ပျော်နေရင် Jungkook ကမ္ဘာက ပြည့်စုံပြီပဲဟာ။ သူမ မျက်နှာလေး တစ်ချက် ညှိုးတာတောင် မမြင်ချင်တာမို့။
ပန်းခင်းကျယ်ကြီးထဲ လေတိုက်တာမို့ Eunbi ရဲ့ ဆံနွယ်ရှည်လေးတွေက သူမရဲ့ မျက်နှာကို မကြာခဏ သွားကပ်နေသည်။ Eunbi ဖယ်ပြီး နောက်ပြန်ပို့ပေမယ့် အချည်းနှီးသာ။ "ဆံပင်တွေကလည်း ရှုပ်လိုက်တာ" ဆိုပြီး နှုတ်ခမ်းလေး စူရင်း တစ်ကိုယ်တည်း ရေရွတ်နေသေးတာမို့ Jungkook အသည်းယားလို့ ရယ်လိုက်မိသည်။ Jungkook သူမလေးနားကို ပိုပြီး တိုးကပ်လိုက်ရင်း အိတ်ကပ်ထဲ အသင့်ပါလာတဲ့ ခေါင်းစည်းကြိုးလေးနဲ့ Eunbi ရဲ့ ဆံပင်ရှည်တွေကို စုယူသပ်တင်ပြီး စည်းနှောင်ပေးလိုက်သည်။