{Unicode}
"wow! wuri Eunbi လေး လှလိုက်တာ"
omma ဆီမှ ချီးကျူးစကားသံ ကြားလိုက်ရခြင်း ဖြစ်သည်။ ကျောင်းဝတ်စုံလေး သေသေသပ်သပ် ဝတ်စားပြီး ဆံပင်တွေကို သပ်သပ်ရပ်ရပ် စုစည်းထားတော့ ပုံမှန်ထက် ကျက်သရေရှိနေသည်ဟု ထင်ရသည်။ ဒီနေ့က Eunbi ဆုယူမည့် နေ့ဖြစ်သည်။ omma ရော appa ပါ ပွဲတက်ကြမှာပင်။ Eunbi ဆိုသည်မှာလည်း ပျော်လည်းပျော်သလို စိတ်တွေလည်း လှုပ်ရှားနေရသည်။
appa အလာကို စောင့်နေတုန်း Eunbi ဖုန်းလေး မြည်လာသည်။ contant name လေးကို ကြည့်လိုက်တော့ screen ပေါ် နေရာယူထားတဲ့ နာမည်လေးက Uncle Jeon တဲ့။ ဝမ်းသာစွာပဲ ဖုန်းကိုင်လိုက်ပါသည်။
"ဟုတ်ကဲ့.. ဦး"
"Congratulations... ဒီနေ့ ကလေး ဆုယူရမှာပဲ"
"ကျေးဇူးတင်ပါတယ်"
"အခု သွားဖို့ ပြင်ဆင်နေပြီလား... မနက်စာ ဘာစားပြီးပြီလဲ"
"နွားနို့နဲ့ ကြက်ဥကြော် စားထားပါတယ် ဦး..."
"ဟုတ်ပြီ... အားရှိမှာတွေ စားထားတာပဲ... လိမ္မာတယ်"
Eunbi ဘာမှ ပြန်မပြောမိဘဲ ပြုံးသာပြုံးနေမိသည်။ ဦးက ဂရုစိုက်လို့ အရမ်းကျေနပ်မိသည်။ သို့ပေမယ့် ဦးက လက်ထပ်ရမည့်သူ ရှိပြီးသားဟူသော အတွေးက ဝင်လာတတ်တာမို့ ဝမ်းနည်းမိရမြဲ။ သိရဲ့သားနဲ့ ဘာလို့ ရုန်းမထွက်နိုင်ရတာလဲ။
"ဖုန်းချလိုက်တော့မယ်နော် ဦး..."
"အင်း အင်း ကလေး.. ဒါပဲနော်"
ဦးဆီက နှုတ်ဆက်စကား ဆုံးတာနဲ့ Eunbi ဖုန်းချလိုက်သည်။ ဂုဏ်ပြုပေးလို့ ကျေးဇူးတင်ပါတယ် ဦး။
~~~~~~~~~~~~~~~~~~~~~~
ကလေးက ဖုန်းချလိုက်တော့မှ Jungkook အိပ်ရာက ထလိုက်သည်။ နိုးနိုးချင်း လွမ်းလာလို့ ဖုန်းဆက်လိုက်တာ။ ကလေးရဲ့ အသံလေးကနေ တစ်ဆင့် ဦးရဲ့ တစ်နေ့တာအတွက် အင်အားတွေ ရပါပြီ။
Jungkook ရေမိုးချိုးပြီး company သို့ သွားရန် ပြင်ဆင်လိုက်သည်။ ရုံးသုံးအိတ်လေးဆွဲပြီး ကွန်ဒို အောက်ဘက် ဆင်းလာရင်း လက်ကိုင်ဖုန်းလေး မြည်လာတာကြောင့် contant name တောင် မကြည့်ဘဲ ဖုန်းကိုင်လိုက်မိသည်။