{Unicode}
Eunbi ဆေးရုံ နှစ်ရက် တက်ပြီးနောက် ဆေးရုံဆင်းခွင့် ရခဲ့သည်။ ဆေးရုံဆင်းပြီး နောက်တစ်ရက်နေမှ appa ခရီးက ပြန်ရောက်ခဲ့သည်။ အခုဆို ဆေးရုံကဆင်းတာ နှစ်ပတ်လောက်ရှိပြီ။ ရှေ့အပတ်ဆို ကျောင်းတွေလည်း ပြန်ဖွင့်ပြီမို့ ကျောင်းလည်းတက်ရတော့မည်။
ဦးကတော့ ဆေးရုံဆင်းတဲ့ရက်က စပြီး ယနေ့အထိ တစ်နေ့ကို ဖုန်းနှစ်ကြိမ်လောက် သတိတရ ဆက်ကာ "နေကောင်းလား ကလေး" ဟု မေးတတ်ခဲ့သည်။ Eunbi တစ်ကောင်တော့ အရူးတစ်ပိုင်းကို ဖြစ်လို့ပေါ့လေ။ အခုဆို ဦး ဖုန်းဆက်မယ့် အချိန်ကို စောင့်တတ်ခဲ့ပြီ။
ဦးက သိပ်ကို ဂရုစိုက်တတ်တယ်။ စိတ်ထားလည်း အရမ်း ကောင်းတယ်။ ဦးက Eunbi ရဲ့ ideal type မျိုး မဟုတ်ခဲ့ပေမယ့် Eunbi ဦးကို တကယ်ပဲ ချစ်မိနေပြီ ထင်ပါရဲ့။
မိန်းကလေးတွေနဲ့ ရိုက်ထားတဲ့ပုံတွေ instagram ပေါ် တက်လာရင် Eunbi အရမ်း ဒေါသထွက်တတ်လာသည်။ မိန်းကလေးနဲ့ တွဲရိုက်တဲ့ပုံ မပြောနဲ့ Like ပေးသွားတဲ့ထဲမှာ မိန်းကလေး ချောချောလေးတွေ တွေ့တာကိုတောင် Eunbi သိပ်ကျေနပ်သည် မဟုတ်ပေ။
ဦးက comment တွေမှာဆို စကားကိုလည်း ရည်ရည်မွန်မွန် ပြန်ပြောတတ်သေးတာ။ မိန်းကလေးတစ်ယောက်က comment ပေးထားပြီး အဲ့ comment ကို ဦးက react လေးပြန်ပေးပြီး ချိုချိုသာသာလေး reply ပြန်ရင်လည်း Eunbi က ကြည့်မရတော့ပေ။
ဦးနဲ့ပတ်သက်ရင် အရမ်းလည်း သဝန်တိုနေပြီ။
"သမီးရေ... appa ဒီနေ့ golf သွားရိုက်မလို့၊ လိုက်မလား"
"ပြိုင်ပွဲလား appa"
"ဟင်ွအင်း... ပြိုင်ပွဲက ရှေ့အပတ်မှ..."
"ဒါဆို လေ့ကျင့်ရေးကွင်း သွားမှာလား"
"ဟုတ်တယ်"
"ဒါဆို လိုက်မယ်... အိမ်မှာ ပျင်းနေတာနဲ့ အတော်ပဲ... ဟီး..."
"အင်း.. ခဏနေရင် သွားမှာမို့ အဝတ်လဲထားတော့..."
"ဟုတ်ကဲ့"
Eunbi အဝတ်အစား လဲရန်အတွက် အိမ်ပေါ်ကို ပြေးတက်လာခဲ့သည်။ ခပ်ပွပွ T-shirt အဖြူတစ်ထည်ကို ဂျင်းဘောင်းဘီတိုလေးထဲ ထည့်ဝတ်ပြီး walking shoe အနက်လေးကို စီးလိုက်သည်။ ဆံပင်ကို ခပ်မြင့်မြင့် စုစည်းလိုက်ပြီး နှုတ်ခမ်းနီ ပါးပါးလေးဆိုးလိုက်တော့ ပြည့်စုံသွားပြီ။