Uncle Jeon - Ep - 12 -

5.9K 560 65
                                    

{Unicode}

လေယာဉ်ဆင်းခါနီး မြင်ကွင်းက အလွန်လှပသည်။ Paris ကို နေမဝင်ခင်အချိန်မှာ ရောက်လာခြင်းဖြစ်သည်။ လေယာဉ်ဆင်းတော့မည် ဖြစ်သောကြောင့် ထိုင်ခုံခါးပတ်တွေကို သေချာပတ်ထားပေးရန် သတိပေးတဲ့ လေယာဉ်မယ်လေးတွေရဲ့ အသံချိူချိုကို ကြားရသည်။

"သီချင်းဆိုပြရဦးမလား ကလေး"

Eunbi တစ်ယောက် လေယာဉ်ရဲ့ ပြတင်းပေါက်ကနေ တစ်ဆင့် Paris ရဲ့အလှကို အပေါ်စီးက အားရပါးရ ကြည့်ရှုခံစားနေစဉ် Jungkook က ရုတ်တရက်ကြီး ပြောလိုက်တာကြောင့် Eunbi ချက်ချင်း ဘာမှ ပြန်မဖြေနိုင်ပေ။

"ဦး... ဘာပြောလိုက်တာလဲ"

"သီချင်းဆိုပြဖို့ လိုသေးလားလို့"

ဦးက ခပ်ဖွဖွရယ်ပြီး ပြောသည်။ Eunbi တစ်ကောင်လည်း အဲ့လိုနဲ့ပဲ ဦးရဲ့ အပြုံးတွေအောက်မှာ အရည်တွေ ပျော်ကျရင်းပေါ့။ ဘာလို့ အဖြေမတောင်းတာလဲ ဦးရဲ့.။

"မလိုတော့ပါဘူး ဦး... ရပါတယ် ဦးကို အားနာလို့"

"အားနာစရာမှ မလိုတာပဲ"

Jungkook က ပြောပြောဆိုဆိုနဲ့ Eunbi လက်လေးကို ခပ်ဖွဖွ ဆုပ်ကိုင်လိုက်သည်။ Eunbi ဆိုတာ ကြက်သီးမွေးညင်း လေးတွေတောင် ထလို့။ ဦးကတော့ ဘယ်လိုနေတယ်ရယ် မသိ။ ဦးပြုံးနေတာတော့ သေချာပါသည်။ ဦးရဲ့ အပြုံးချိုချိုလေးကို Eunbi အရမ်း သဘောကျတာပဲ။

အဲ့လိုနဲ့ လေယာဉ်ဆင်းတဲ့ အချိန်မှာ ဦးရဲ့ သီချင်းဆိုပြသံလေး မကြားရတော့ပေမယ့် ဦးရဲ့လက်လေးတွေကို ခပ်ဖွဖွ ကိုင်ဆုပ်ပြီး မြေပြင်ပေါ် ဆင်းသက်လာခဲ့ရသည်။ သိပ်ကို နွေးထွေးပါတယ် ဦးရယ်။

~~~~~~~~~~~~~~~~~~~

"noona"

"ပြော..."

"ပျင်းလိုက်တာ... ဂိမ်းဆော့မယ်လေ နော်"

"မဆော့ချင်ပါဘူး"

"noona ကလည်း..."

Taeho ရဲ့ အလိုမကျတဲ့ မျက်နှာကို Eunbi က သတိတောင် မထားမိဘဲ တစ်ချိန်လုံး ဓာတ်ပုံပဲ ရိုက်နေလေသည်။ တကယ်က Eunbi က Hotel က lobby မှာ ဓာတ်ပုံ ပတ်ရိုက်နေတုန်း Taeho က အနောက်က လိုက်ပူဆာနေခြင်း ဖြစ်ပါသည်။ အတူပါလာသည့် Taeho နဲ့ ရွယ်တူ ကောင်မလေးဖြစ်တဲ့ Miru ကတော့ lobby က ဆိုဖာတွင် တစ်ယောက်တည်း သွားထိုင်နေသည်။

Uncle JeonWhere stories live. Discover now