Uncle Jeon - Ep - 7 -

5.7K 586 45
                                    

{Unicode}

Jungkook ညစာစားပွဲ တစ်ခုက ပြန်လာပြီးနောက် အိပ်ခန်းထဲက sofa ပေါ် ခြေပစ်လက်ပစ် ထိုင်ချလိုက်သည်။ ပင်ပန်းလိုက်တာလည်း ပြောမနေပါနဲ့တော့။ အခုနောက်ပိုင်းမှ အလုပ်က ပိုလို့ပင် ရှုပ်လာရသည်။

အချိန်ကို ကြည့်လိုက်တော့ ည 9 နာရီ ထိုးလုပြီ။ မိုးကလည်း သဲသဲမဲမဲ ရွာနေလေသည်။ မိုးခြိမ်းသံတွေကလည်း တရစပ်ကြားနေရသည်။

ရေမိုးချိုးပြီး ကော်ဖီဖျော်သောက်ရန် Jungkook စဉ်းစားမိသည်။ ဒါက Jungkook လုပ်နေကျ၊ မိုးရွာရင် ကော်ဖီပူပူလေး တစ်ခွက်လောက်တော့ သောက်လိုက်ရမှ စိတ်ချမ်းသာသလို ရှိသည်။

ရေမိုးချိုးပြီးနောက် Jungkook လည်း နွေးနွေးထွေးထွေး ဝတ်ပြီး ကော်ဖီဖျော်ရန် မီးဖိုချောင်ဘက် ထွက်လာလိုက်သည်။ ရေနွေးအိုး တည်လိုက်ရင်း ပြေးသတိရမိတာက Eunbi ဆိုတဲ့ ကလေးမငယ်။ ထပ်ပြီး မြင်ယောင်လာမိတာက ဟန်ဆောင်မှု ကင်းတဲ့ အပြုံးချိုချိုလေးတွေ။ တစ်ဆက်တည်းမှာပဲ မာမီ့ကို သတိရသည်။ မာမီကလည်း Eunbi လိုမျိုး Jungkook ကို အမြဲတမ်း ဟန်ဆောင်မှုမပါတဲ့ အပြုံးတွေနဲ့ ပြုံးပြခဲ့တာ မဟုတ်လား။

အဲ့ကလေးနဲ့ မတွေ့တာ အခုနဲ့ဆို 2 လ ကျော်ကျော်လောက် ရှိပြီထင်သည်။ instagram မှာတော့ သူမက Jungkook ကို follow လုပ်ထားပါရဲ့။ Jungkook ကသာ ပြန်ပြီး follow မလုပ်မိတာပင်။ ချေတယ်လို့တော့ မထင်စေချင်လို။ Jungkook ချေလား မချေလား အဲ့ကလေး ကိုယ်တိုင် သိတာပဲမလား။

Jungkook က လူသိများတဲ့ company တစ်ခုရဲ့ CEO ဖြစ်သူမို့ follower များစွာ ရှိနေသူ။ Jungkook follow ထားတာကလည်း ကိုယ်နဲ့သိတဲ့ လုပ်ငန်းရှင် အနည်းအကျဉ်းပဲ ရှိတာမို့ Eunbi လေးကို ပြန် follow ရမှာ နည်းနည်း ဝန်လေးမိခြင်းပင်။

သို့ပေမယ့် သူမ acc ကို အမြဲ ဝင်ကြည့်ဖြစ်ပါသည်။ search list ထိပ်ဆုံးမှာ အမြဲရှိနေခဲ့တာက သူမပဲ မဟုတ်ပါလား။ မတွေ့ရတဲ့ ရက်တွေမှာ အလွမ်းပြေပေါ့ ကလေး။ ဦးက ကလေးကို အမြဲတမ်း သတိရပါတယ်။

အဲ့အချိန်မှာပဲ Jungkook ဆီ ဖုန်းဝင်လာသည်။ ဘောင်းဘီအိတ်ထဲ ထည့်ထားတဲ့ ဖုန်းကို ထုတ်ကြည့်မိတော့ screen ပေါ်မှာ ပေါ်နေတဲ့ contact name လေးက "Jung Taeho" တဲ့။

Uncle JeonWhere stories live. Discover now