{Unicode}
နောက်နေ့ မနက်ရောက်တော့ မနက်စာ စားသောက်ပြီး paris မြို့ထဲ လျှောက်လည်ဖို့ ပြင်ဆင်ကြရသည်။ Eunbi ရင်လည်း ခုန်သည်။ စိတ်တွေလည်း မတည်ငြိမ်နိုင်ပေ။ ဦးနဲ့ ခပ်ခွာခွာ နေမှဖြစ်မည်။ လူကြီးတွေ သိသွားမှာ စိုးရိမ်ရသည် မဟုတ်ပါလား။
ဦးနဲ့ DaDa စေ့စပ်ထားတာကို Eunbi ရဲ့ အဖေ သိသည်။ အဲ့ဒါကို Eunbi နဲ့ ချစ်သူတွေ ဖြစ်နေတာ သိသွားရင် appa ဘယ်လိုမှ လက်ခံနိုင်မည် မဟုတ်ပေ။ မသိအောင်နေလို့ ရပေမယ့် အချိန်တန်ရင် သိကြမှာပဲ မဟုတ်လား။
"ပြင်ဆင်လို့ ပြီးရင် သွားကြမယ်လေ unnie..."
"အင်း... သွားကြမယ်..."
Eunbi Miru နဲ့အတူ အခန်းထဲမှ ထွက်ပြီး Hotel အောက် ဆင်းလာကြသည်။ Taeho ရဲ့မိဘတွေနှင့် Taeho ရော ဦးပါ ကြိုရောက်နေကြပြီး lobby မှာ ထိုင်နေကြတာ တွေ့ရသည်။
Eunbi ကို ပြုံးကြည့်နေသော ဦးကို တွေ့လိုက်တာနှင့် Eunbi မျက်နှာလေး ပန်းရောင်သမ်း သွားပြီး ဦးကို မကြည့်ချင်ယောင် ဆောင်လိုက်မိသည်။ လူကြားထဲမှာ အဲ့လိုကြီး လာကြည့်နေတယ်။ ရှက်ဖို့ကောင်းအောင် ဒီဦးတော့။
"လာကြပြီလား.."
Taeho က သူ့ရဲ့ လက်တွေကို ဝေ့ယမ်းကာ နှုတ်ဆက်သည်။ Miru ရော Eunbi ပါ "annyeong" ဟု ပြန်နှုတ်ဆက်ဖြစ်ကြသည်။
အဲ့အချိန် Miru နဲ့ Taeho တို့ စကားပြောရင်း စကားနိုင်လုနေကြတုန်း ဦးJeon Jungkook က Eunbi နားလျှောက်လာကာ "morning ချစ်ကလေး" ဆိုပြီး နှုတ်ဆက်လာတာကြောင့် Eunbi ရဲ့ မျက်နှာကြီးလည်း ထူပူသွားသလို လန့်လည်းလန့်သွားသည်။ ဘာတဲ့၊ ချစ်ကလေး တဲ့။ Jung Taeho တို့သာ ကြားလို့ကတော့ လွယ်မည်မဟုတ်။
"ဦး... ဘယ်လိုတွေ ခေါ်နေတာလဲ လူကို"
Eunbi ဦးကို မျက်မှောင်လေး ကြုတ်ပြီး ကြည့်လိုက်ရင်း အံကြိတ်ကာ မေးမိသည်။ လူကလည်း ရှက်လို့ Jeon Jungkook လို့ခေါ်တဲ့ ဦးရဲ့ ရင်ခွင်ကျယ်ကျယ်ထဲ မျက်နှာကြီး အပ်ထားလိုက်ချင်မိသည်။ အဲ့ဒီ့ဦးကတော့ ယုန်သွားတွေ ပေါ်အောင် ရယ်နေပြန်သည်။
"ဘယ်သူမှ မကြားပါဘူး ကလေးရဲ့."
"လူကြီးတွေ သိကုန်ရင် ခက်မယ်... လူကြီးတွေက ဦးကို DaDa unnie နဲ့ စေ့စပ်ထားတယ်ဆိုပြီး....."