{Unicode}
30 တဲ့၊ မဖြစ်နိုင်တာ။
Eunbi တစ်ယောက် မယုံနိုင်တဲ့ မျက်လုံးတွေနဲ့ Jungkook ကို ကြည့်တော့ သူက ရယ်သည်။
"မယုံဘူးလား"
"မဖြစ်နိုင်တာ... မနောက်နဲ့လေ"
"ကဲ.. တကယ်ပါဆို၊ ဒီမှာ ကြည့်"
ပြောပြောဆိုဆိုနဲ့ သူ့ဘောင်းဘီအိတ်ထဲက ပိုက်ဆံအိတ်လေးကို ထုတ်ယူလိုက်သည်။ ထို့နာက် အထဲက မှတ်ပုံတင်လေး ပြတော့မှ အမှန်ဖြစ်နေသည်။
"တကယ် မထင်ခဲ့ဘူး..."
"အဟား... ထားလိုက်ပါတော့"
သူကရယ်ပြီး ပြောတော့ Eunbi လည်း လိုက်ပြုံးလိုက်ရင်း မုန့်တွေကို ခြင်းတောင်းထဲ ဆက်ထည့်နေလိုက်သည်။ ထို့နောက်တော့ မုန့်ဝေခြင်း လုပ်ငန်း စတင်တော့သည်။
တန်းစီကာ ထွက်လာသော ကလေးများစွာ၏ လက်ထဲသို့ ပြုံးပြရင်း မုန့်တွေထည့်ပေးသည်။Taeho လေး ကတော့ အအေးဗူးတွေ ထည့်ပေးရသည်။ အရေးထဲမှာ အဲ့ဒီ့ Jung Taeho ဆိုတဲ့ ဟာလေးက သူသောက်ဖို့ဆိုပြီး အအေးတစ်ဗူးကို သူဝတ်ထားတဲ့ အင်္ကျီအိတ်ထဲ ထိုးထည့်ထားသေးတာဗျာ။ Eunbi ဝေနေသော ခြင်းတောင်းထဲက မုန့်တစ်ထုပ်က အဆစ်ပါလိုက်သေးသည်။
Eunbi ကတော့ Taeho ကို ကြည့်ပြီး အမြင်လည်းကတ်သည်။ ရယ်လည်း ရယ်ချင်သည်။ တကယ့်ဟာလေး။
Taeho ကို ကြည့်ပြီး Eunbi ခေါင်း တခါခါ လုပ်နေစဉ် ကိုယ့်ရှေ့၌ စီတန်းနေသော ကလေးငယ်များစွာ၏ အကျော်ကို ကြည့်မိတော့ ဦးက camera လေး ကိုင်ပြီး ရယ်ကျဲကျဲနဲ့ ဖြစ်နေသည်။ဦးလည်းပဲ Eunbi နည်းတူ Taeho ကို ကြည့်ပြီး ရယ်ချင်နေပုံ ရသည်။
ထို့နောက် camera ကို ကြည့်နေရာမှ Eunbi ကို လှမ်းကြည့်လာသည်။ Eunbi လှမ်းကြည့်မိတာကို သတိထားမိလို့ ကြည့်လာတာပဲနေမည်။
ရုတ်တရက် အကြည့်ချင်း ဆုံတော့ Eunbi ရင်ထဲ ဒိန်းခနဲ ဖြစ်သွားသည်။ အဲ့ဒီ့ အရည်လဲ့ပြီး တောက်ပနေတဲ့ မျက်လုံးတွေနဲ့ စုံမိတိုင်း Eunbi ရင်ခုန်နေရတာ ဒီတစ်နေ့တည်းမှာပဲ ဆယ်ခါ မကတော့ပေ။
Eunbi မြန်မြန် အကြည့်လွှဲကာ ကလေးငယ်လေးတွေကိုပဲ အာရုံစိုက်လိုက်တော့သည်။ ရင်ဘတ်ကြီးကတော့ အခုထိပင် မတည်ငြိမ်နိုင်သေးပေ။