{Unicode}
"noona!!!"
ကျောင်းဆင်းချိန် လာကြိုမည့် appa ကို Eunbi စောင့်နေစဉ် တစ်ကျောင်းလုံး ကြားလောက်သော အသံဖြင့် လှမ်းခေါ်သူသည် လှည့်မကြည့်တောင် Jung Taeho မှန်း တန်းသိလိုက်သည်။
ဒီကောင်လေးဟာ မိဘမဲ့ ဂေဟာကို သွားခဲ့သည့် အချိန်မှစကာ Eunbi ကိုဆို တစ်နူနာတည်း နူနာနေတာရယ်။ အခုဆို 3 လလောက်ပင် ရှိချေပြီ။
ဒင်းက လာသေးတာ၊ တစ်ခါတစ်လေ အားလပ်ချိန်မျိုးဆို Eunbi အတန်းဆီကို အူယားဖားယား ပြေးလာ၊ ပြီးလျှင် အတန်းဝကနေ တစ်တန်းလုံးကြားအောင် "noona" ဆိုပြီး အော်ကြီးဟစ်ကျယ်နဲ့ သေမလို ခေါ်တာ လော်စပီကာ နီးပါး အသံကျယ်သည်။ ကိုယ်က ဘယ်သူ ဘာဖြစ်လို့လဲဟု တွေးမိကာ အလန့်တကြားနှင့် သူရှေ့ကို ရောက်သွားလျှင် သူက ဘာလုပ်သည် ထင်ပါသနည်း။
Eunbi ကို တစ်ချက်ဖြီးပြရင်း သူ့လက်ထဲက အအေးဗူးလေးကို ထိုးပေးရှာပါသည်။ ပြီးရင်တော့ "ဖွင့်ပေးပါ noona" တဲ့။ အဲ့လိုမျိုးဆို ကျေးဇူးတင်စကား ပြောတော့မည့် မိမိမှာ တံတွေးပြန်မြိုချရသည်။ ဘယ်လိုဟာလေးမှန်းကို မသိ။
အခုလည်း အော်ပြီး Eunbi ဆီ လျှောက်လာတာ ဘာပြောမလို့လဲ မသိ။ အဲ့ဒီ့ "noona" ဆိုတဲ့ ခေါ်သံကြီးကို မကြားချင်မှ အဆုံး။
"ခေါ်နေတာကို လှည့်တောင် မကြည့်ဘူး၊ ချေနေတယ်ပေါ့"
Eunbi ဘေး လာရပ်ကာ မဲ့ရွဲ့ရင်း ပြောလိုက်သည်။
"ချေမယ်ဆိုရင်တောင် နင့်လိုအရူးကို မချေဘူး သိလား"
Eunbi မျက်စောင်းထိုးရင်း ပြောလိုက်တော့ ဖြစ်ပျက်သွားသည့် Taeho မျက်နှာက ဘီလူး သံပရာသီး ကိုက်ထားသည့် အလား။ Eunbi တစ်ဖက်လှည့်ကာ ကြိတ်ရယ်လိုက်သည်။
"noona... စာမေးပွဲ ဖြေနိုင်လား"
"မကျဘူး..."
"အကောင်းနဲ့ မေးတာကို..."
"အကောင်းနဲ့ ပြန်ဖြေနေတာပဲလေ..."
"noona ကလည်းဗျာ..."
ဟောတော်၊ သူကပဲ နှုတ်ခမ်းကို ထော်ပြီး ခြေထောက်ကို စောင့်ချလိုက်သေးသည်။ ကိုယ်က သူမေးလို့လည်း ဖြေရသေးသည်။