{Unicode}
"ပြီးတော့ ဦးဦးနဲ့ အဲ့မမက ချစ်နေကြတာလား?"
မောင်လေးရယ်။ မမေးသင့်ပါနော်။
ကလေးကတော့ သူ့ဘာသူ သိချင်လို့မေးလိုက်တာပင်။ ဒါကို မလုံမလဲနဲ့ ရှက်သွားသူက Eunbi တစ်ယောက်သာ။ သူကတော့ အားနာဟန်လေးနဲ့ ကြည့်လာရုံကလွဲပြီး ရှက်ပုံလည်း မပေါ်ပေ။
သူ့အဖြေကို ကလေးငယ်လေးကလည်း သိချင်နေသကဲ့သို့ Eunbi လည်း အရမ်းတွေ သိချင်နေပါသည်။သူက ပြုံးပြီး ကောင်ငယ်ကလေး၏ ခေါင်းကို ပုတ်လိုက်သည်.။ သူ ပြန်ဖြေတော့မှာပါလား။ Eunbi စိတ်တွေက အစိုးမရနိုင်။
"မဟုတ်ပါဘူး သားသားရဲ့..."
အော် အင်း။ မဟုတ်ဘူးက လွဲပြီး ဘယ်လိုအဖြေမျိုး ကြားရမှာ မို့လို့လဲ။ ဟုတ်မှ မဟုတ်တာ။ မဟုတ်တာက အမှန်တရားလေ။
"သေချာလို့လား၊ ဦးဦးက မမကိုလည်း ခေါ်လာတယ်လေ။ ပြီးတော့ အင်္ကျီအရောင်လည်း ဆင်တူဝတ်ထားသေးတယ်"
အထွန့်တက်ပြီး မေးလိုက်တဲ့ ကလေးငယ်ကြောင့် Eunbi ပိုလို့ပင် ရှက်သွားရသည်။ ဟုတ်လည်း ဟုတ်သည်။ Eunbi နဲ့ သူက အင်္ကျီအရောင် ဆင်တူလေး ဝတ်ထားသည် မဟုတ်လား။
Eunbi လည်း ကလေးငယ်ကိုသာ ကြည့်နေမိသည်။ သူ့ကိုတော့ တကယ်မကြည့်ရဲပါ။ သူ့မျက်လုံးများကို ရင်ဆိုင်ရန် ရှက်နေသည်။
ဓာတ်ပုံကလည်း အခုထိ မရိုက်နိုင်ဘူး။ ရပ်နေတာတောင် ဆယ်မိနစ် မကတော့ဘူး။ အဲ့ဒီ့ ဓါတ်ပုံဆရာ ဦးလေးကြီးက ဟိုပြေး ဒီပြေးနဲ့။
"သားသားကို ဦးဦးပြောပြမယ် သေချာနားထောင်နော်"
"ဟုတ်..."
"မမက သားသားတို့လို ကလေးလေးလေ၊ ဦးဦးက မမကို သားသားတို့နဲ့ အတူတူချစ်တာပေါ့..."
ချစ်တယ်??? မဟုတ်ဘူး၊ သူပြောတာ သားသားတို့နဲ့ အတူတူတဲ့၊ ကလေးလိုမျိုး ကလေးလိုပဲ။
Eunbi မျက်လုံးများ အဝိုင်းသားဖြင့် ကြည့်နေရုံကလွဲပြီး တတ်နိုင်တာလည်း မရှိပေ။ သူ ဘာဆက်ပြောမလဲသာ သိချင်နေမိသည်။ ထို့ကြောင့် ကလေးငယ်လေး နားလည်အောင် သေချာပြောပြနေသော သူ့ကိုသာ ရေငုံနှုတ်ပိတ်ပြီး ကြည့်နေရတာပေါ့။