Part (2)

1K 109 3
                                    

Taeyong's POV

မနက်ကတည်းက ကနေရတာ ခုထိညနေထိပဲ။ ကျောင်းက seniorတန်းတွေဖြစ်ကြတော့လည်း graduation ပွဲမှာ ဖျော်ဖြေရမှာဆိုတော့ အားသွန်ခွန်စိုက် လုပ်ရတာပေါ့။

"Huuu..မောလိုက်တာ.. အားးးး ရေချိုးမှဖြစ်မှာပါ ချွေးတစ်လုံးလုံးနဲ့"

"မင်းလည်း အကတိုက်ပြီးတိုင်း ဒီရေလောက်ပဲချိုးနေတာ"

အဲ့Tenဆိုတဲ့ဟာနဲ့လည်း ဘယ်လိုမှကိုမတည့်တာ။ ဒါလား ငါနဲ့ပေါင်းလာတာ ၆နှစ်ရှိနေတဲ့ကောင်!!

"ငါကမင်းလိုညစ်ပတ်အိုးမှမဟုတ်တာ။ ပြီးတော့ မင်းသိရဲ့သားနဲ့ ချွေးတွေနဲ့မှငါမနေတတ်တာ"

"Jsnzujwyhduen"

"ဟေ့ကောင် ပွစိ ပွစိလုပ်မနေနဲ့"

တစ်ခုခုမကျေနပ်တိုင်း ပါးစပ်က ပွတ်တွတ်ပွတ်တွတ်နဲ့။ ဘာကောင်မှန်းကိုမသိဘူး

"ဟာ...Lee Taeyong!!ဒီမှာကြည့်စမ်း!!"

လုပ်ပြီ အမြဲအလန့်တကြားနဲ့! ဖုန်းကြီးလာထိုးပေးနေပြီး ရူးတော့မယ့် ပုံနဲ့

"ဘာလဲ??"

သူ့ဖုန်းယူပြီး ဖတ်လိုက်တော့ articleတစ်ခု။

*NCT groupမှ ကြီးမှူးကျင်းပသော Dance to WIN contestအတွက် ပြိုင်ပွဲဝင်များခေါ်ယူခြင်း*

"အာ့ ငါကဘာလုပ်ရမှာလဲ"

"ရူးနေလား LEE TAEYONG!!မင်းသွားပြိုင်ရမှာလေ"

"ငါကအဲ့လောက်တော်နေတာမှမဟုတ်တာ! ပြီးတော့ ငါ့ထက်စာရင် မင်းက အကမှာပါရမီပိုပါတယ်။ မင်းလည်းသိရဲ့သားနဲ့ကွာ ငါဒီfinal yearလေး ကောင်းကောင်းလုပ်ဖို့လိုတယ်ကွ။ ဒီမှာ ကောင်းကောင်းလေးအောင်သွားမှ ငါအလုပ်ကောင်းကောင်းရမှာလေ..မဖြစ်ပါဘူး ငါကို ဒီနေ့စာလုပ်စရာတွေရှိနေတာကို.."

"Taeyong..ငါ တကယ်ပြောတာ မင်းသွားပြိုင်သင့်တယ်။ မင်းလိုလူမှမပြိုင်ဘယ်သူပြိုင်မှာလဲ??"

"မင်းရှိတယ်လေ..တကယ်ပါ ငါတကယ်စိတ်မဝင်စားဘူး!!"

"အေးအေး မင်းကNoမှတော့ ငါလည်းမပြောတော့ဘူး။ ဒါနဲ့ ငါ Doyoungကိုခေါ်ထားတယ်!"

"အဲ့ယုန်ကို??ဘာလုပ်မလို့လဲ?"

"သူက ငါတို့ကို ပေးစရာရှိလို့တဲ့။ ပြီးတော့ ငါတို့လေ့ကျင့်တာကိုလည်း videoရိုက်ပေးဦးမှာတဲ့"

Uncle Jae (Complete)Where stories live. Discover now