Part (37)

1.1K 78 17
                                    

Jaehyun's POV

"အမျိုးသားက အတတ်နိုင်ဆုံး စောင့်ရှောက်ပေးပါနော်"

ကလေးရဲ့ ဆရာဝန်က ကျနော့်ကိုအားကိုးတကြီးနဲ့ ကြည့်ပြီး ပြောလာတယ်။ သူ ကျနော့်ကို ပြောပြပြီး ၁လကြာမှ ဆေးရုံကိုလိုက်လာဖြစ်ခဲ့တာ။ အခုဆို ဗိုက်ကလေးက သိသိသာသာ ပူနေပီ။ အလုပ်တွေဘာတွေဆိုရင်တောင် မလုပ်ခိုင်းရဲတော့ဘူး။ သူ ပင်ပန်းတာကိုဘေးကလူတောင် ကြည့်ရုံနဲ့သိတယ်။ ဒါတောင် ကျနော်ဆောင်ရတာမဟုတ်လို့...ကလေး ဘယ်လောက်များပင်ပန်းနေလိုက်မလဲ?

"ဟုတ်ကဲ့ပါ"

သူ့ပုခုံးလေးကိုကိုင်ရင်း ဆရာ့ကိုပြုံးပြီးအဖြေပေးလိုက်တယ် ဆရာဝန်ကြီးက ကြည်နူးစွာနဲ့ကြည့်လာတယ်

"Taeyongကို ဂရုစိုက်ပေးပါ။ သူက ကျနော်သိရသလောက်တော့ နည်းနည်းအားငယ်တတ်တယ်။ အမျိုးသားကိုပြောခိုင်းတာတောင် တော်တော်နဲ့မပြောသေးဘူးလေ။ ပြီးတော့ ဒီလိုဖြစ်ရပ်မျိုးကလည်းရှားပါးဖြစ်ရပ်ဆိုတော့ ကျနော်တို့အနေနဲ့ရော Taeyongတို့အနေနဲ့ရော အကြီးအကျယ် ဂရုစိုက်မှဖြစ်မယ်"

"ဟုတ်ကဲ့ ကျနော်နားလည်ပါပြီ"

"ကဲ ဒါဆို နောက်တစ်ခေါက်ပြန်ဆုံကြတာပေါ့"

"ဟုတ်ကဲ့"

သူ့ကိုဖြည်းဖြည်းချင်းတွဲလာပြီး ကားထဲကို သေချာလေးထည့်ပေးရတယ်။ မနေနိုင်လို့ ခါးပတ်ပါ တစ်ခါတည်းတွယ်ပေးလိုက်တယ်။ အရင်ကတောင် တစ်ခါမှလုပ်မပေးဖူးဘူးထင်တာပဲ

"ရပါတယ် ဦးဂျယ်ရယ်.."

"မရနဲ့!ကလေးကို ဂရုစိုက်ရမှာ ကိုယ့်တာဝန်! ဘာစားချင်လဲပြော?"

"mmmm...ရေခဲမုန့်!!"

"စားစေသတည်း~~"

                         🕓 Pregnancy 4 months

"ဆရာ...ကလေးလေးက ဘာလေးလည်း မသိရသေးဘူးလား?"

"ပုံမှန်အတိုင်းဆို ၁၆ပတ်ကနေ ၂၀လောက်ဆို သိရလောက်ပြီ။ ဒါပေမယ့် Taeyongက ထူးခြားတယ်လေ။ ဒါကြောင့် သိဖို့အတွက် နည်းနည်းခက်နေတာ ဖြစ်လိမ့်မယ်"

"နောက်တစ်လလောက်ဆို သိလို့ရပြီပေါ့"

"ဟုတ်ကဲ့...မျှော်လင့်ရတာပါပဲ"

Uncle Jae (Complete)Where stories live. Discover now