Taeypng's POV
Graduationလည်း ပြီးပြီဆိုတော့ အခုချိန်မှာကျနော့်ရဲ့ အလုပ်က ဦးဂျယ်နားမှာ အချိန်ပြည့်ရှိနေပေးဖို့ပဲ။ ဦးဂျယ် ဆေးရုံစတက်တဲ့နေ့က စပြီး တစ်လလုံးလုံး ကျနော် ကျောင်းကိစ္စတွေနဲ့ သူ့ဘေးမှာ ကြာကြာရှိမပေးခဲ့ဘူး။ ဒါ့ကြောင့် အခု သူ့ဘေးမှာပဲ တစ်နေကုန်နေပေးဖို့ ဆုံးဖြတ်လိုက်တယ်။
နောက်တစ်နေ့မှာ ကျနော်တို့ ဦးဂျယ်ကြီးများ နိုးနေမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ အိပ်ရာဝင်ခဲ့တာ အခုဆို တစ်လနဲ့ ငါးရက်ရှိနေပြီ။ တစ်နေ့တစ်နေ့ ဦးဂျယ်နားမှာနေပြီး စကားတွေပြောတယ်။ သူ့ကိုအင်္ကျီလဲပေးတယ်။ သီချင်းဆိုပြတယ်။ dance videoအသစ်တွေ တူတူကြည့်တယ်။ ဒါပေမယ့် သူ့ရဲ့ reactionက ကင်းမဲ့နေတုန်းပဲ...
"Taeyong.....ဒီနေ့တော့ ဒါလေးကောင်းကောင်းလာစားပါကွာ။ မင်း ကြည့်ရတာ အရိုးပေါ်အရေတင်ဖြစ်နေပြီ"
ဦးဂျယ်ဘေးမှာထိုင်ပြီး သီချင်းနားထောင်နေတဲ့ ကျနော့်ကို Tenက သူယူလာတဲ့ထမင်းချိုင့်လာစားဖို့ခေါ်နေတာ
"ငါ မစားချင်သေးဘူး"
ခပ်ပြတ်ပြတ်ပဲပြောလိုက်တဲ့ ကျနော့်အဖြေကို သူက မကျေနပ်တဲ့ပုံ..
"မင်း ဒီလိုတွေလုပ်နေတာ ဘယ်လောက်တောင်ရှိနေပြီလဲ? Taeyong! မင်း CEO Jeongကို ဂရုစိုက်ချင်တယ်၊ သူ့ဘေးမှာနေချင်တယ်ဆိုရင် မင်းကအရင် ကောင်းကောင်းအားရှိနေမှဖြစ်မယ်လေ..မင်းရဲ့ ဒီလိုပုံစံကိုရော CEO Jeongက မြင်ချင်မယ်ထင်နေလား"
"ဦးဂျယ်ကတောင် ခုထိ အိပ်ရာထဲလဲနေတာ ငါက ဘာတွေဘယ်လိုဖြစ်ပြီး ထမင်းကောင်းကောင်း မျိုကျရမှာလဲ!!"
*sigh*
"Taeyong...မင်း မဟုတ်သေးပါဘူးကွာ"
နောက်ဆုံးတော့ Tenက ကျနော့်ကို စိတ်ပျက်စွာနဲ့ ပြောသွားပြီး အခန်းထဲက တန်းထွက်သွားတယ်
ဟုတ်တယ်လေ..ဦးဂျယ်က ဒီလိုဖြစ်နေတာ ကျနော်က ဘာမျိုကျလို့ ဘာစားနေရမှာလဲ?Tenနဲ့ ကတောက်ကဆ ဖြစ်ခဲ့တာတွေမေ့ပြီးတော့ earphoneလေးတစ်ခုထုတ်ပြီး တစ်ဖက်ကို ကျနော့်နားမှာတပ်လိုက်တယ်။ နောက်တစ်ဖက်ကိုတော့ ဦးဂျယ်နားမှာတပ်လိုက်တယ်။
YOU ARE READING
Uncle Jae (Complete)
FanfictionZaw gyi first & Unicode below!! Enjoy guys Taeyong: ဦးဂျယ်လို့... Jaehyun: ဒီကလေးတော့!!! ×× Taeyong: ဦးဂျယ်လို့... Jaehyun: ဒီကလေးတော့!!!