Part (15)

1.1K 94 6
                                    

စူးသျှ ဒီအပိုင်းကိုရေးနေရင်းနဲ့ ပျက်သွားလို့ T.T
ဒါလေးကိုရေးဖို့ အကြိမ်ကြိမ်စဉ်းစားပြီး သတိထားရေးနေရင်းကကို အဲ့လိုပျက်သွားတာ။

ဒီအပိုင်းအတွက်လိုအပ်ချက်တွေရှိနေမယ်ဆိုရင် ဖြည့်တွေးပေးစေချင်ပါတယ်။ စူးသျှလည်း သူများတွေရေးတာကိုဖတ်ပြီး ရေးတတ်အောင်လုပ်ခဲ့ရတာပါ။

ကဲ...warningပါနော် 🚨🔥🌚

ㅡㅡㅡㅡㅡㅡㅡㅡㅡㅡㅡㅡㅡㅡㅡㅡㅡㅡㅡㅡㅡㅡ

Jaehyun's POV

အိမ်ကိုလည်းရောက်တော့ Markကို ခေါ်ကြည့်ရသေးတယ်။ ဟုတ်တယ်လေ သူရှိနေလို့ ဘယ်ဖြစ်မလဲ။ Taeyongကိုတွေ့သွားမှာပေါ့

Markမရှိကြောင်းအတည်ပြုပြီး အိမ်ထဲကို ဝင်လာတော့ ကလေးက အိမ်ရဲ့တစ်နေရာချင်းစီကို အသေးစိတ်လိုက်ကြည့်နေတယ်

"ဘာလဲ?နောက်ဆို ဒီအိမ်က ကလေးအိမ်ဖြစ်လာတော့မှာမို့ အကုန်လုံးကိုလိုက်ကြည့်နေတာလား"

ကျနော် စတာတောင်မှ အပြုံးလေးနဲ့ပဲ တုံ့ပြန်တယ်။ အရင်ကဆို မျက်စောင်းလေးထိုး နှုတ်ခမ်းလေးတထော်ထော်နဲ့ ပြန်ပြီးရန်တွေ့ခဲ့တာလေ။ အခုတော့??

ကျနော်လည်း အပေါ်coatကိုချွတ် necktieကို ဖြေလိုက်ပြီး ရေတစ်ခွက်သွားခပ်လိုက်တယ်။ သူက ဧည့်ခန်းနေရာမှာဝင်ထိုင်နေတွေ့လို့ ကျနော်လည်း ခေါ်ပြီး

"လှေကားအတိုင်းတက်သွားရင် ပထမဆုံးတွေ့ရတဲ့အခန်းက ဦးဂျယ်အခန်းပဲ။ သွားလေ..သွားကြည့်ချေ"

ခေါင်းတစ်ချက်ပဲညိတ်ပြပြီး ညင်ညင်သာသာလေးနဲ့ အပေါ်ထပ်ကိုတက်သွားတယ်။ ဒီကလေးလေးဘာဖြစ်နေတာပါလိမ့်?

ကျနော်လည်း ရေခွက်ယူပြီး သူ့နောက်ကနေ လိုက်သွားတော့ ကျနော့်ကို ဆီးကြိုပြီးပြောနေတယ်

"ဦးဂျယ်က သန့်သန့်ရှင်းရှင်းနေတတ်လိုက်တာနော်"

တစ်ချက်ပဲပြန်ပြုံးပြလိုက်ပြီး ကျနော့်လက်ထဲကရေခွက်လေးကိုပေးလိုက်တယ်။ သူကလည်း ကုတင်ပေါ်မှာ ထိုင်နေလို့ ကျနော်လည်းဘေးမှာဝင်ထိုင်လိုက်ပြီး စစ်တော်မူရတော့တယ်

"ကလေး..ခုနကတည်းက မျက်နှာမကောင်းဘူး။ ဘာဖြစ်နေတာလဲ?"

"ကျနော် ဘာဖြစ်လို့လဲ? ဘာမှမဖြစ်ပါဘူး"

Uncle Jae (Complete)Where stories live. Discover now