Part (34)

858 78 5
                                    

Jaehyun's POV

"Jaehyun မင်းကတော့ တကယ်ပဲကွာ"-Winwin

ကျနော့်ကို လှမ်းကြည့်ပြီး Winwinက စိတ်ပျက်စွာနဲ့ ပြောလာတယ်။

"ဘာလဲ?ငါမှ မမှားတာ"

ကျနော့်ဘက်က သံပြတ်နဲ့ပြန်ပြောလိုက်တော့ Winwinက မကျေနပ်တဲ့ပုံနဲ့ ထပ်ကြည့်တယ်

"မင်းကအလျှော့ပေးရမှာလေ။ လိုက်လိုက်လျောလျောနဲ့လည်း မနေနိုင်ဘဲနဲ့"

"မသိပါဘူး ငါ မမှားတာပဲသိတယ်"

"အေးပါ မင်းမမှားဘူး မင်း သူနဲ့ရော ဘယ်လောက်ကြာကြာခွဲနေနိုင်လဲ?"-Yuta

ကြားထဲက ရုတ်တရက် လာမေးတဲ့ Yutaမေးခွန်းကြောင့် ကျနော် နည်းနည်းတွေဝေသွားတယ်။
ကျနော် ကိုယ့်ကိုကိုယ် ပြန်မေးကြည့်တယ်

'ငါ သူနဲ့ ဘယ်လောက်ကြာကြာ ခွဲနေနိုင်လဲ?'

အဖြေကိုကျနော် မပေးနိုင်ခဲ့ဘူး။ Yutaကိုရော.. ကျနော့်ကိုယ်ကျနော်ရောပဲ...
ကျနော် မသိဘူး။ ဒီလိုတွေလုပ်နေတယ်ဆိုတာကလည်း အကြောင်းပြချက်မရှိဘူး။ အရင်လိုလွယ်လွယ်နဲ့မတောင်းပန်ချင်ခဲ့မိဘူး

"မင်းနဲ့တော့ မဖြစ်တော့ပါဘူးကွာ။ မင်း ကောင်လေးနဲ့ အမြန်ဆုံးပြေလည်လိုက်တာကောင်းမယ်ထင်တယ်နော်"-Johnny

Johnnyက သက်ပြင်းရှည်ကြီးချရင်းပြောလာတယ်။

ကျနော်လည်း မသိတော့ဘူး...

Jaehyun's POV END

                                        ***

Taeyong's POV

"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဗျ.."

အိမ်ပြင်တဲ့အလုပ်သမားတွေက ဖုန်းဆက်တယ်...အိမ်ကနေလို့ရပြီတဲ့လေ
ဒါဆို ကျနော်ပြန်ရမှာလား? ဟို ဦးဂျယ်ကြီးကိုရော??ခေါ်ရဦးမှာလား?

ကျနော် တစ်ယောက်တည်းမဆုံးဖြတ်နိုင်ဘူး။ ဒါကြောင့် ကျနော့်ရဲ့ ဆိုးဖော်ဆိုးဖက်ကြီး Tenကို မေးဖို့လုပ်လိုက်တယ်

📱"Ten?"

"ပြော.."

"ငါ....ဟိုဟာ...အိမ်က ပြန်နေလို့ရပြီတဲ့။ ငါ သူ့ကိုခေါ်လိုက်ရမလား?"

Uncle Jae (Complete)Where stories live. Discover now