Jaehyun's POV
မနက် ၁၀နာရီလောက်ကနေ အခု ၁နာရီထိ ကျနော် Yeriနဲ့ပဲ အတူတူ ရှိနေခဲ့တယ်။ သူ မလိမ်ဖူးပဲ။ ကျနော့်ကို တစ်ချိန်က လှည့်စားခဲ့တဲ့သူမ...အခုတော့ မလိမ်ဘူးပဲ။ သူ့အမေကလည်း သူပြောတဲ့အတိုင်း ကျနော်တို့နှစ်ယောက်ကို အရင်အတိုင်းပဲလိုထင်တုန်းပဲ။ ကျနော်ကတော့ အလိုက်သင့်လေး ပြန်ပြုံးလိုက်ရ ရယ်ပြလိုက်ရနဲ့ပေါ့။
သူ့အမေအိမ်ကနေ ထွက်ပြီး ကျနော်က ပြန်ဖို့ကားတံခါးကို ဆွဲဖွင့်တော့ ကျနော့်လက်တွေက ဟန့်တားလာတဲ့ လက်တစ်စုံ။
"Jaehyun..ငါ နင့်ကိုပြောစရာတွေကျန်နေသေးတယ်။ ငါနဲ့ခဏလောက် နေပေးပါဦးလား"
ဖခင်တစ်ယောက်ကို ဆုံးရှုံးလိုက်ရလို့ ငိုကြွေးထားတဲ့ မျက်လုံးတွေက ဖူးယောင်နေတယ်။ ကျနော်လည်း ဒီခံစားချက်ကိုသိနေတဲ့သူဖြစ်လို့ သူ့ရဲ့ တောင်းဆိုချက်ကို လိုက်လျောပေးလိုက်တယ်
သူဦးဆောင်သွားတဲ့နေရာကို လိုက်သွားလိုက်တော့ ကံဆိုးစွာနဲ့ နီးကပ်နေတဲ့Yutaရဲ့ 7th sense cafe..
ဒီနေရာကို သူနဲ့အတူပြန်ရောက်လာတော့ အရင်လိုမခံစားရတော့ပေမယ့် စိတ်ထဲတစ်မျိုးဖြစ်နေတယ်။"အရင်ကဆို..နင် ငါ့ကို ဒီကိုခေါ်လာနေကျလေ...။ အဲ့တုန်းကဆို နင်အမြဲပဲ latteပဲ သောက်နေခဲ့တာနော်...ငါတောင် အရမ်းပြောခဲ့ရတာလေ"
အားရပါးရနဲ့ ရယ်မောပြီး ပြောနေတဲ့ သူမကို ကျနော်ကြည့်ပြီး နားမလည်နိုင်လွန်းလို့ အပြုံးတစ်ခုပဲပန်ပေးနိုင်တယ်။
"အခုရော? အရင်လို latteပဲလား"
"မဟုတ်ဘူး!"
သူမ ခေါင်းပြန်ထောင်လာပြီး ကျနော့်အဖြေကိုမျှော်နေတယ်။ ကျနော်က မျက်နှာပေါ်မှာ ဂုဏ်ယူဝင့်ကြွားစွာနဲ့
"Strawberry milk!!"
"နင် ကလေးအစာတွေ ကြိုက်ခဲ့မှန်းငါမသိခဲ့ဘူး"
လှောင်တဲ့ရယ်သံတစ်မျိုးနဲ့ ကျနော့်ကိုပြန်ချေပလာတယ်
"ငါလည်း မကြိုက်ခဲ့ပါဘူး..။ ငါ့အင်္ကျီပေါ်ကိုရောက်လာမှ စကြိုက်ခဲ့တာ"
နားမလည်စွာနဲ့ ကြည့်နေတဲ့ သူမ မျက်လုံးတွေ။ 'ဘာလို့လဲ'ဆိုပြီး မေးတော့မယ့် သူ့အရိပ်အယောင်တွေ မြင်လိုက်ရလို့ စကားကိုဖြတ်ချပစ်လိုက်ရတယ်
YOU ARE READING
Uncle Jae (Complete)
FanfictionZaw gyi first & Unicode below!! Enjoy guys Taeyong: ဦးဂျယ်လို့... Jaehyun: ဒီကလေးတော့!!! ×× Taeyong: ဦးဂျယ်လို့... Jaehyun: ဒီကလေးတော့!!!