Part (35)

946 76 9
                                    

Jaehyun's POV

မနက်၇နာရီ...
နောက်ဆုံးတော့ ကျနော့်ရဲ့daily routineတွေပြန်ရောက်လာခဲ့ပြီ
မနက် ၉နာရီအမှီ ရုံးကိုသွားရမယ် ညနေ ၆နာရီ ဒါမှမဟုတ် ၇နာရီလောက်မှ ပြန်ရောက်တတ်တယ်
ဒီလိုတွေကြောင့်ပဲ ကျနော်နဲ့ ကျနော့်ကလေးကိုဝေးစေခဲ့တာပဲ။ ဒါကိုဖြေရှင်းဖို့ကြိုးစားပေမယ့်လည်း မဖြစ်မြောက်ခဲ့ပါဘူး။ သူကလည်း အတိုင်းအတာတစ်ခုထိ နားလည်ပေးနေလို့ပေါ့

"ဦးဂျယ် သွားတော့မလို့လား~~"

ကိုယ်လုံးပေါ်မှန်ကြီးတစ်ခုမှာ ရုံးသွားဖို့ပြင်ဆင်နေတဲ့ ကျနော့်ကို အခုထိအိပ်မှုန်စုံဖွားဖြစ်နေတဲ့ ကလေးလေးက အိပ်ရာပေါ်ကနေ လှမ်းမေးရှာတယ်။

"အင်း..အခုပဲ ထွက်တော့မလို့။ ကိုယ့်ကြောင့်နိုးသွားတာလား...ပြန်အိပ်လေ"

ခေါင်းလေးတရမ်းရမ်းလုပ်ပြပြီး လက်ကလေးနှစ်ဖက်ကိုဆန့်တန်းကာ လှမ်းခေါ်နေတယ်
ကျနော်လည်း သူ့နားသွားပြီး ခန္ဓာကိုယ်ကို နည်းနည်းလေးစောင်းပြီးနေလိုက်တော့ ကျနော့်ကိုဂုတ်ကဆွဲပြီး ဖက်ထားတယ်။ နည်းနည်းအချိန်ကြာလာတော့ ကျနော်လည်း ခါးညောင်းလာလို့ရုန်းလိုက်တော့

"မသွားခင်လေးပါပဲ~~ခဏလေးပဲ..."

သူဖက်လို့ဝသွားတဲ့အထိ ကျနော့်မှာစောင့်ပေးလိုက်တယ်။ ဒီတော့မှတဖြည်းဖြည်းလေးလွှတ်လာပြီး ကျနော့်ကိုကြည့်နေတယ်

"ဘာလဲ?"

"ဘာမှဟုတ်ပါဘူး..ဒီနေ့ ထမင်းမစားနဲ့နော် ကျနော့်ကိုစောင့်နေနော်"

"ဘာလို့လဲ?"

"ဦးဂျယ်နဲ့မစားရတာကြာပီမို့...နော်!"

"အင်းအင်း"

"တာ့တာ...သွားတော့"

"ဟဟ ဟုတ်ကဲ့ပါဗျာ"

                                          ~~~

"ဦးဂျယ်!!!"

"ဝင်ခဲ့လေ ကလေး"

တံခါးပေါက်ဝကနေ ခေါင်းလေးပဲ ထွက်ပြီး အထဲကိုချောင်းနေတဲ့ပုံလေးက ချစ်စရာကောင်းလိုက်တာ။
တစ်လှမ်းချင်းလျှောက်လာပြီး ထိုင်ခုံပေါ်ဝင်ထိုင်တဲ့ပုံလေးကိုကအစ ချစ်နေရတာ

Uncle Jae (Complete)Where stories live. Discover now