Taeyong's POV
ဦးဂျယ်နေပြန်ကောင်းတာလည်း တစ်ပတ်လောက်ရှိပြီ။ ဆရာဝန်တွေက သူ့ကို ငါးရက်လောက်နေရင် ဆေးရုံဆင်းဖို့ပြောတာကို သူက ဆက်နေချင်သေးတယ်တဲ့။ တကယ်ပါပဲ ဆေးရုံက ဘာကောင်းတာများရှိလို့လဲ? ကျနော်မေးတော့ ကျနော် ဂရုစိုက်တာခံချင်သေးလို့တဲ့။ နေပြန်ကောင်းတာမှ မကြာသေးဘူး အဲ့လိုတွေပြောလာပြီ။ အမြင်ကတ်လိုက်တာ..
သူဆေးရုံဆင်းရမယ့်ရက်ဆိုတော့ ကျနော်ကလည်း တစ်ခုပြီးတစ်ခုထုပ်ပိုးပေးပြီး ဆေးရုံဆင်းဖို့ပြင်ဆင်လိုက်တယ်။ ခဏနေတော့ ကျနော့်ဘေးကပ်လာပြီး နားရွက်နားကို တီးတိုးပြီးလာပြောတယ်
"ခဏနေရင် ကိုယ်နဲ့လိုက်ခဲ့နော်(whisper)"
နားထဲကို ယားကျိကျိဖြစ်သွားလို့ တွန့်သွားတဲ့ ကျနော့်ခန္ဓာကိုယ်ကို သူကလက်နဲ့ပြန်ထိန်းလိုက်တယ်။ပြီးတော့ ခါးကိုကိုင်ပြီး လက်နဲ့လာထိုးနေတယ်။
ဘယ်နေနိုင်မလဲ ကျနော့်မှာ တီကောင်ဆားပက်တဲ့အတိုင်းဖြစ်နေရောပေါ့"Jeong Jaehyunရေ..မင်း ရောဂါက အခုမှစတာ ထင်တယ်"-Johnny
အနောက်က Johnnyကတော့ ကျနော်တို့နှစ်ယောက်ကိုမြင်ပြီး တအံ့တသြနဲ့ ပြောတယ်
"Ahem! Johnny ဘာလာလုပ်တာလဲ"
"အမယ်လေး Jaehyun sshi! ခင်ဗျားကို ကားမောင်းပို့ရမှာလေ။ မင်းဒီပုံစံနဲ့ ကားမောင်းလို့မှမဖြစ်သေးတာ"-Johnny
ဦးဂျယ်က ကျနော့်ကို ကျီစယ်တဲ့ အကြည့်နဲ့ လှမ်းကြည့်ပြီး
"ဖြစ်ပါတယ်"
ကျနော်က ကြောက်ကြောက်လန့်လန့်နဲ့ ခေါင်းရမ်းပြလိုက်တော့ ဦးဂျယ်က ပြုံးရင်းနဲ့ Johnnyဘက်ကို ပြန်လှည့်သွားပြီး
"ငါ တကယ်ရပါတယ်။ Taeyongကို ခေါ်သွားစရာနေရာရှိလို့"
"မင်းကတော့ လုပ်ပြီ! ငါ စိတ်ပူလို့ပါ...ဘာပဲဖြစ်ဖြစ် တစ်ခုခုဆို ဖုန်းဆက်လိုက်"-Johnny
"ဟုတ်ပါပြီ အဖေရယ်"
ဘာလို့မှန်းမသိ ကျနော်ကတော့ အရမ်းလန့်နေတယ်
Taeyong's POV END
***
Jaehyun's POV
YOU ARE READING
Uncle Jae (Complete)
FanfictionZaw gyi first & Unicode below!! Enjoy guys Taeyong: ဦးဂျယ်လို့... Jaehyun: ဒီကလေးတော့!!! ×× Taeyong: ဦးဂျယ်လို့... Jaehyun: ဒီကလေးတော့!!!