Part (19)

796 84 6
                                    

Taeyong's POV

ဦးဂျယ်ကိုစိတ်မချလို့သာ လိုက်သွားရတယ် ဒါမျိုးတွေစိတ်ပါတာမဟုတ်ဘူး။ ဦးဂျယ်ကတော့ ပျော်နေလေရဲ့။ မျက်နှာကြီးကိုပြုံးဖြီးလို့ နေတာပဲ။
ကျနော်တို့ရောက်သွားတော့ လူတွေလည်းအတော်စည်နေပြီ။ သီချင်းသံတွေကလည်းကျယ်လောင်လို့ပဲ။ နားအူလိုက်တာ
ဦးဂျယ်က အဆောက်အအုံထဲ ဝင်ပြီးဆိုကတည်းကိုက ကျနော့်လက်တွေကိုကျစ်နေအောင်ကိုင်ထားတယ်။ ကျနော်ကတော့ ပြုံးပြုံးကြီးနဲ့လိုက်သွားလိုက်ရုံပဲ
ဝင်ပေါက်က securityနှစ်ယောက်က ဦးဂျယ်ကိုလည်းမြင်ရော ကျနော်တို့ရှေ့ကနေဦးဆောင်သွားပြီး အမြင့်ဆုံးအထပ်တစ်နေရာကိုခေါ်သွားတယ် vipတွေနေတဲ့အခန်းလိုမျိုးပေါ့။ အဲ့အခန်းကနေလည်း အောက်ကလူတွေကိုစီးပြီးမြင်နေရတယ်။

"Yo~~~Winwin"

အခန်းထဲကိုရောက်ရောက်ချင်းပဲ ဦးဂျယ်က ကောင်လေးတစ်ယောက်ကိုသွားဖက်ပြီးနှုတ်ဆက်နေတယ်။ ကောင်လေးကပိန်ပိန်ပါးပါးလေးနဲ့ ကျနော့်လိုပါပဲ။ ဒါပေမယ့် သူကအရပ်နည်းနည်းရှည်တယ်

"သူက မင်းကိုစောင့်နေတာ"

Sofaပေါ်မှာထိုင်နေတဲ့လူတစ်ယောက်က ဦးဂျယ်တို့ကို ကြည့်ရင်းနဲ့ပြောလာတယ်

"ဟုတ်လား..သြော်! Yutaဒါက Taeyongလေ...ကလေး ဒါက ကိုယ်တို့နှစ်ယောက်ရဲ့ 7th sense cafeပိုင်ရှင်ကြီးလေ"

"အာ....Annyeonghaseyo!!!"

"Nae!Taeyong sshi!!ဟုတ်တယ်မို့လား..။ ထင်ထားတာထက်ကို တော်တော်ငယ်တာပဲနော်။ ကျနော်တို့ရဲ့ မာနမင်းသားကြီးကို အရည်ပျော်အောင်လုပ်နိုင်တဲ့သူကိုတော်တော်သိချင်နေခဲ့တာ"-Yuta

"Hehee မဟုတ်ပါဘူး"

ဦးဂျယ်က ရယ်လိုက်ပြီးတော့

"Winwin ဒါ ငါ့ကလေးလေး Taeyong! ကလေး ကိုယ်မနက်ကပြောတဲ့ Sichengဆိုတာ သူပဲ"

"Annyeonghaseyo~~~"

"Annyeong! ကျနော်က hangukလို သိပ်မတတ်သေးတော့ ကောင်းကောင်းမပြောနိုင်ပါဘူး။ ရိုင်းတယ်လို့မထင်ပါနဲ့နော်"-Winwin

"အာ..ရပါတယ်"

ဒီအချိန်မှာပဲ Johnnyလည်း ဝင်လာလို့ ကျနော်တို့ထိုင်လိုက်ကြတယ်။ ကျနော်ကတော့ ဦးဂျယ်ဘေးမှာပေါ့။
ဦးဂျယ်တို့သူငယ်ချင်းတွေစကားပြောတာတွေလိုက်နားထောင်ကြည့်လိုက်တော့ Winwinကလည်း ငယ်သေးတာပဲ ကျနော့်ထက်၂နှစ်ကြီးရုံလေးတင်။ ကျန်တဲ့Yutaနဲ့Johnnyကတော့ ဦးဂျယ်နဲ့ရွယ်တူပဲ။ သူတို့ကျောင်းတုန်းက ဖြစ်ခဲ့တဲ့အကြောင်းလေးတွေပြန်ပြောနေကြတာ

Uncle Jae (Complete)Where stories live. Discover now