Part (28)

1K 77 15
                                    

Taeyong's POV

နောက်ဆုံးတော့ D day!

ကျနော့်ဆီက ဦးဂျယ်ခွင့်ပြုချက်တောင်းပြီးတဲ့ နေ့မှာတင် ဦးဂျယ်က အမေတို့ကိုပါ ပြောလိုက်တယ်။ ပထမတော့ အမေတို့လည်း အစောကြီးလုပ်တာကို သဘောမကျပေမယ့် ဦးဂျယ် ဘာတွေပြောလိုက်လဲမသိဘူး လက်ခံသွားတယ်

Ahhhh စိတ်လှုပ်ရှားလိုက်တာ။ ဘဝမှာ ဒါမျိုးတစ်ခေါက်ပဲ ကြုံရတယ်ဆိုတော့လည်း ဒီနေ့ဟာ ကျနော့်ဘဝရဲ့ အရေးကြီးဆုံးသော နေ့တွေထဲကတစ်ခုပေါ့။ မနေ့ညကတည်းကိုက ဘယ်လိုမှအိပ်မပျော်ခဲ့ဘူး။ အဲ့တော့ မျက်လုံးတွေက အမဲကွင်းတွေဖြစ်ရောပေါ့။ make-up artistမမက တော်လို့ ဒါတွေပျောက်သွားတာ

Tuxကို ကျကျနနဝတ်ပြီး ရင်ဘတ်မှာ ပန်းပွင့်လေးကိုထိုးလိုက်တယ်
Huuuu...

"Taeyong~~"

အခန်းထဲကို ဇိုးခနဲဇောက်ခနဲဝင်လာတဲ့ Tenနဲ့ Doyoung..

"Taeyong...မင်း တကယ်ကြီးပေါ့နော်!အေးပေါ့ကွာ ဒီလိုကပဲ ကောင်းပါတယ်။ မင်းရော မင်းလူကြီးရော ငြိမ်သွားတာပေါ့"-Ten

Tenက မျက်ရည်တွေဝဲပြီး စကားဆိုလာတော့ ကျနော့်မှာ မနည်းပြုံးထားရတယ်။ Doyoungကတော့ သူ့ကိုအစကတည်းကိုက ပြောမထားလို့ ကျနော့်ကို ကောင်းကောင်းမကြည့်ဘူး

"မင်းတို့ကလည်း အဲ့လိုကြီးမနေနဲ့လေကွာ..။ ငါ့ကိုတစ်ခုခုပြောပါဦး"

"ဘာပြောရမှာလဲ?ခုဆို မင်းက အိုးနဲ့အိမ်နဲ့ဖြစ်တော့မယ်။ ကိုယ့်ဘဝကိုယ်နိုင်အောင်ထိန်းသိမ်းပြီးနေနော်! ငါ ရန်ဖြစ်တာဘာညာမကြားချင်ဘူး! ကြားခဲ့ရရင်လည်း မင်းကမခံနဲ့ ပြန်သာချခဲ့"-Doyoung

"မင်းကလည်း ပွဲတောင် မစသေးဘူး။ဘာလို့ ရန်ဖြစ်မယ့်ကိစ္စတွေပြောနေတာလဲ နိမိတ်မရှိလိုက်တာ"-Ten

"ဟုတ်တယ်လေ..ငါ့ကို အစကတည်းကမှ မပြောခဲ့တာ!!"-Doyoung

"မင်းကလည်းကွာ..ငါက စကားမစပ်မိလို့ပါ"

Doyoungကောက်တာ ချော့နေရင်း ဝန်ထမ်းအစ်မတစ်ယောက်ရောက်လာတယ်

"မောင်လေးရေ..ခဏနေ ပွဲစတော့မယ်နော်"

"Nae!!"

ကျနော် Tenတို့ဘက်ပြန်လှည့်လိုက်ပြီး

Uncle Jae (Complete)Where stories live. Discover now