Part (11) May 16, 2014

885 98 7
                                    

Taeyong's POV

ကျနော်နဲ့ ဦးဂျယ်တွဲခဲ့တာ တစ်လကျော်ကျော်ရှိရော့မယ်။ ကျနော်တို့နှစ်ယောက် ရန်လည်းမဖြစ်ကြဘူး။ တကျက်ကျက်တော့ရှိနေကြပေမယ့် ကြီးကြီးမားမားတော့ မဖြစ်ဖူးဘူး။ ကျနော့်ကိုပဲ ဦးဂျယ်က အလျှော့ပေးလို့လားမသိဘူး။
အခုဆိုရင် ကျနော့်အချိန်ပိုင်းအလုပ်တွေ အားတဲ့ အချိန်ဆို သူ့companyသွားပြီး နှောင့်ယှက်တာလည်း ၁လလောက်ရှိတော့မယ်။ လူတွေကလည်း ကျနော်ဝင်တာထွက်တာကို ဘယ်လိုမှမမြင်ကြဘူး။ ဘာလို့ဆို ယောက်ျားလေး အချင်းချင်းလေ။ ဦးဂျယ်နဲ့ကျနော့်ကို ညီအစ်ကိုသူငယ်ချင်းတွေလို့ပဲ ထင်ကြမှာ..
ညီအစ်ကိုဆိုလို့ Markလေးတောင် ကျနော်တို့ဆက်ဆံရေးမသိကြဘူး။ ဦးဂျယ်ကတော့ မပြောပြချင်သေးဘူးတဲ့ ကျနော့်ကိုလက်မခံမှာစိုးလို့တဲ့လေ။

ဦးဂျယ်တို့companyက စိတ်ဝင်စားစရာဗျ။ ကျနော်စိတ်ဝင်စားရင် ဦးဂျယ်က နောက်ကျ နေရာတစ်ခုပေးမယ်တဲ့။ ကျနော်ကတော့ interviewဖြေပြီးမှ အောင်ချင်တာလို့ပြောထားတာ။ သူကCEOဆိုတော့ လုပ်ပိုင်ခွင့်အကုန်ရှိတာသိပေမယ့် အကပ်နဲ့မှ မနေချင်တာ။ နောက်ဆို ကျနော်တို့ဆက်ဆံရေးကိုလူတွေသိသွားကြရင် ကျနော်ကဦးဂျယ်ကို ပိုက်ဆံကြောင့်ကပ်တယ်လို့ ထင်ခံရမှာစိုးတာ။ ဦးဂျယ်နဲ့ တကျက်ကျက်ဆိုတာ ဒီကိစ္စနဲ့ပတ်သက်ပြီးဖြစ်တာပဲ။ သူက လူတွေရဲ့ထင်မြင်ချက်တွေကို အရေးမလုပ်ဖို့ပြောတယ်။ ဘယ်ဖြစ်မလဲ လူတွေကြားနေပြီး လူတွေထင်မြင်ချက်ကို လိုက်နာရမှာပေါ့

အချိန်ပိုင်းအလုပ်မသွားခင် ဦးဂျယ်ရဲ့ ရုံးခန်းထဲကိုဝင်နေကျ။ သူကလည်း လာဖို့ပြောထားတာကိုး။ ဒီနေ့တော့ သူလည်းမရှိဘူး။ ဘယ်သွားနေလဲ မသိဘူး။ ဖြစ်ချင်တော့ အတွင်းရေးမှူးမမလည်း မရှိဘူး။ အဲ့အတွင်းရေးမှူးမမက သဘောကောင်းတယ်ဗျ။ ဒီcompanyမှာ ကျနော်တို့နှစ်ယောက်အကြောင်းကို သူပဲသိတာ။ သူကနားလည်ပေးတယ်။ မမကfujoushiလုပ်မယ်တဲ့။ အဲ့လိုကိုပြောရှာတာ..

ဦးဂျယ်ကိုလိုက်ရှာနေလည်းထူးမှာမဟုတ်လို့ သူ့ရုံးခန်းထဲဝင်ပြီးစောင့်နေဖို့ဆုံးဖြတ်လိုက်တယ်။ တံခါးကိုအသာအယာ ဖွင့်ပြီး ကြည့်လိုက်တော့ ရုံးခန်းထဲက စတီခုံမှာ ကောင်မလေး တစ်ယောက်ထိုင်နေတယ်။
အသားအရေကခပ်လတ်လတ် အရပ်ကလည်း အရမ်းကြီး ပုတာမဟုတ်ဘူး။ ခန္ဓာကိုယ်ကအနေတော်ပါပဲ ဆံပင် ဂုတ်ဝဲကို ချထားပြီး တစ်ဖက်ကဆံပင်ကို နားနောက်မှညှပ်ထားတယ်။
သူထိုင်နေတဲ့ပုံကြည့်ရတာ ဒီရုံးခန်းနဲ့ အသားကျနေတဲ့ပုံပဲ။ ကျနော်တံခါးဖွင့်လိုက်တော့ သူကပြုံးပြီး မတ်တပ်ထကာ ကျနော့်ဘက်ကိုလှည့်လာတယ်။
ကျနော့်လည်းမြင်ရော တန်းမဲ့သွားတော့တာပဲ

Uncle Jae (Complete)Where stories live. Discover now