၅ (Zawgyi + Unicode)

10.3K 1.4K 72
                                    

Zawgyi

"အရင် သွားနှင့်ကြပါလား.. ကျွန်တော် ဝယ်စရာလေးရှိလို့"

"ဒါဆို Chanyeol ဝယ်စရာရှိတာဝယ်ပြီးသွားရင် ကျွန်မတို့စားနေကျဆိုင်ကိုပဲလိုက်ခဲ့လိုက်နော်"

အသိလုပ်ငန်းရှင်တွေနဲ့ နေ့လည်ထမင်းစားဖို့ နီးနီးနားနားက ရှော့ပင်းမောလ်တစ်ခုကိုထွက်လာခဲ့တာဖြစ်သည်။ အခုဖုန်းဆိုင်ရှေ့ကဖြတ်မှ Luhan ဖုန်းပြန်မဝယ်ရသေးတာကိုသတိရပြီး တစ်ခါတည်းဝင်ဝယ်ဖို့စိတ်ကူးဖြစ်၍သာ..။ သူမဝယ်ပေးရင် ဒီကောင်လေးက ဖုန်းတောင်ကိုင်တော့မှာမဟုတ်။

"ဘာအလိုရှိပါသလဲ"

"နောက်ဆုံးထွက်တဲ့အမျိုးအစားထဲက နည်းနည်းအကြမ်းခံမဲ့ဟာလေးပြပေးပါ"

ကောင်တာက ဝန်ထမ်းကောင်လေးကို ပြောလိုက်ပြီး ဘာရယ်မဟုတ် ဆိုင်ထဲကိုမျက်စိကစားကြည့်မိသည်။ ဆိုင်ထောင့်မှာ မန်နေဂျာဖြစ်ပုံရသည့်လူတစ်ယောက်နှင် စကားရပ်ပြောနေသည့် မျောက်လောင်းလေး..။ ရေစက်တောင်မှ တော်တော်ကပ်သီးကပ်ဖဲ့ရေစက်ဖြစ်ရမည်။ ထပ်မတွေ့ချင်ပါဘူးဆိုမှ ဒီအပတ်ထဲမှာ ဒုတိယအကြိမ်မြောက်ပြန်တွေ့ရသည်။

သူကိုယ့်ကိုမမြင်ခင် ကိုယ်ကိုအနည်းငယ်စောင်းကာ မျက်နှာကိုဆန့်ကျင်ဘက်သို့လှည့်ထားလိုက်သည်။

"ဒါကတော့ ပြီးခဲ့တဲ့အပတ်ကမှထွက်တာဆိုတော့ လူကြိုက်လည်းများတယ်.. အရောင်းရဆုံးမော်ဒယ်ပဲ.. အပြာရင့်ရယ်...."

ဝန်ထမ်းကောင်လေး ဘာဆက်ပြောသလဲဆိုတာတောင် သူမကြားမိလိုက်။ ဟိုဘက်ခြမ်းကနေ စူးခနဲထွက်လာသည့် အသံစာစာကြောင့်..။

"မင်းပြောတော့ အပြာရောင်မကျန်တော့ဘူးဆို! ချီးပေကောင်"

"အဲ့ဒါနောက်ဆုံးတစ်လုံးကျန်တာ.. မင်းက အကြွေးဝယ်မှာလေ ငါမှမစိုက်ထားနိုင်တာကို.. ဝယ်သူကိုဦးစားပေးရမှာပေါ့"

ဘယ့်နှယ် နေတဲ့အိမ်ကတော့ လူချမ်းသာပုံပါ။ ဘယ်လိုဖြစ်ပြီး ဖုန်းကိုအကြွေးဝယ်ရသလဲ။ မျက်လုံးထောင့်က လှမ်းမြင်ရသည့် ဆူပုတ်ပုတ်မျက်နှာလေးကြောင့် Chanyeol ပြုံးတုံ့တုံ့ဖြစ်သွားရသည်။ အိမ်က,ကလေးလည်း ဒီကောင်လေးလို သွက်သွက်လက်လက်လေးဖြစ်ရင် အရမ်းချစ်ဖို့ကောင်းမှာသေချာသည်။

Give and TakeWhere stories live. Discover now