၂၄ (Zawgyi + Unicode)

10.5K 1.6K 150
                                    

Zawgyi

"Baekhyun.. ကိုကိုနဲ့ ခဏစကားပြောရအောင်"

ပုံမှန်အတိုင်းပဲလို့ထင်ရပေမဲ့ ကိုကို့မျက်နှာက တည်လွန်းနေသည်။ ဦးလေးကြီး မုန့်လာပို့မဲ့အချိန်မှာမှ ကိုကိုက အိမ်ပြန်ရောက်လာတာမို့ Baekhyun အသက်ပင်ရဲရဲမရှူရဲ။

"ဟုတ်"

ဦးလေးကြီးဆီကို မလာခဲ့နဲ့ဦးလို့ မက်ဆေ့ခ်ျတစ်စောင် အမြန်ရိုက်လိုက်ပြီး ဖုန်းကို ဘောင်းဘီအိတ်ထဲထည့်လိုက်သည်။ ဦးလေးကြီး အစည်းအဝေးမပြီးပါစေနဲ့ဦး။

"သားကိုဘာပြောမလို့လဲ ကိုကို"

ကိုကို့မျက်နှာရိပ်မျက်နှာကဲကြည့်ရတာ အရမ်းကို စိတ်ညစ်စရာကောင်းသည်။ မာထန်နေသည့် မျက်နှာထားအရ သူ့ကို တစ်ခုခုဆူစရာရှိနေမှန်း သိသာတာမို့ ခြေဖျားလက်ဖျားတွေတောင် အေးလာရ၏။ မနေ့ညက သူ အိမ်ပြန်နောက်ကျတာကို သိသွားပြီး ကြိမ်းမောင်းဖို့ လုပ်နေပြန်ပြီထင်ပါရဲ့။

"ကိုကိုအခုပြောမဲ့စကားက မင်းအတွက်တော့ လက်ခံနိုင်မှာမဟုတ်ဘူးဆိုပေမဲ့ ကိုကို့စကားကို နားထောင်ရမယ် Baekhyunee"

တွေးထားတာထက်ပိုပြီး အစွန်းရောက်စွာ စကားပလ္လင်ခံနေတော့ Baekhyun နှုတ်ခမ်းဆူမိသည်။ ညမထွက်ရအမိန့်တွေ ဘာတွေများ ချတော့မလားမသိပါဘူး။

"Park Chanyeol နဲ့ အခုချက်ချင်း အဆက်ဖြတ်ရမယ်"

ခေါင်းပေါ်တည့်တည့် မိုးကြိုးပစ်ချလိုက်သလားမသဲကွဲရအောင် သူပူထူသွားသည်။ ကိုကို သိသွားပြီလား.. မဟုတ်ဘူး.. သိနေတာ ကြာပြီလား။ ဘယ်တုန်းက ဘယ်လို..

"အဲ့လို အဆက်ဖြတ်ခိုင်းတာက ကိုကိုနဲ့ Luhan ရဲ့ပတ်သက်မှုကြောင့်မဟုတ်ဘူး Baekhyunee.."

"ကိုကိုက အရမ်းတစ်ကိုယ်ကောင်းဆန်တာပဲ"

"..ဘာ..?"

"ကိုကိုကျတော့ ကိုကိုချစ်တဲ့လူနဲ့နေချင်ပြီး သားကျတော့ ဦးလေးကြီးနဲ့အဆက်အသွယ်ဖြတ်ရမယ်ဆိုတာ တစ်ဖက်စောင်းနင်းကြီးပဲလေ"

"Park Chanyeol က မင်းကို တကယ်ချစ်တယ်လို့ ထင်နေတာလား Baekhyunee"

"မပြောနဲ့! ကိုကို အဲ့လိုမပြောနဲ့"

Give and TakeWhere stories live. Discover now