၂၆ (Zawgyi + Unicode)

9.9K 1.5K 99
                                    

Zawgyi

လွန်ခဲ့သော ၆ နှစ်။

အလယ်တန်းကျောင်းဆိုတာ သူနဲ့လားလားမှ မသက်ဆိုင်တော့သောနေရာ။

ဒီနေ့ တက်စရာအတန်းရှိနေပေမဲ့ အတန်းတွေလစ်ပြီး Chanyeol ဒီအလယ်တန်းကျောင်းလေးကို ရောက်လာရတဲ့အကြောင်းပြချက်က တစ်ခုတည်းရှိသည်။

Oh Sehun ရဲ့ညီကို တွေ့ဖို့။

လွန်ခဲ့တဲ့တစ်ပတ်ခန့်ကမှ ဒီကျောင်းကိုစပြောင်းလာသည့်ကောင်လေးနာမည်ကိုတော့ သူအမှတ်တမဲ့ပါပဲ။ ဓာတ်ပုံတွေထဲမှာပါပါလာတတ်သည့်ကောင်လေးက အကောင်သေးသေး ဖြူနုနု မပြုံးမရယ်မျက်နှာထားလေးနှင့်၊ ပြီးတော့ Oh Sehun နဲ့တခြားစီ ပျော့ညံ့ညံ့ပုံစံလေး။

နောက်ယောင်ခံလိုက်ခိုင်းထားတဲ့လူဆီက ဓာတ်ပုံတွေရတိုင်းမှာလည်း ဒီကောင်လေးက စက်ရုပ်လေးအတိုင်းပဲ။

သူငယ်ချင်းအပေါင်းအသင်းမရှိ၊ မနက် အိမ်ကထွက်လာပြီး ကျောင်းကိုရောက်သည်။ ကျောင်းကပြန်ရင် အိမ်ကိုပဲတန်းပြန်သည်။ ဒီနေရာနှစ်ခုကလွဲရင် တခြားဘယ်မှသွားတတ်ပုံလည်းမရ။

ခပ်အုပ်အုပ်ဖြစ်နေသည့် အနက်ရောင်ဆံပင်အိအိလေးက ကောင်လေးရဲ့မျက်လုံးတဝက်လောက်ကို ဖုံးအုပ်လုနီးပြီ။ လူတောမတိုးရဲတဲ့ ဒီကောင်လေးမှာ အားနည်းချက်တစ်ခုက မိဘအစုံအလင်မရှိတာပဲ။

Oh Sehun ရဲ့အဖေက သက်ရှိထင်ရှားရှိသေးပေမဲ့ သူ့အမေရဲ့နောက်ယောက်ျား၊ တစ်နည်းအားဖြင့် ဒီကောင်လေးရဲ့အဖေကတော့ မင်္ဂလာဧည့်ခံပွဲမလုပ်ခင် ရက်အနည်းငယ်အလိုမှာတင် ကားမတော်တဆဖြစ်ပြီး ဆုံးသွားခဲ့တာမို့ ဒီကောင်လေးဟာ လူ့လောကထဲကိုမရောက်လာခင် သူ့အမေဗိုက်ထဲမှာကတည်းက အဖေမဲ့ခဲ့သတဲ့။

ဒါပေမဲ့ အဖေဘက်က အဘိုးအဘွားတွေရဲ့အချစ်တော်လေးမို့ သူ့အဖေမျိုးရိုးခံယူနိုင်ခဲ့ခြင်းသာ။

Oh Sehun ဟာ သာမန်မိသားစုလေးက သာမန်ယောက်ျားလေးတစ်ယောက်ဆိုရင်တောင် Luhan လေးမျက်နှာထောက်ပြီး သူ ဖုံးကွယ်သင့်တာဖုံးကွယ်ပေးထားလိုက်ဦးမည်။

Give and TakeWhere stories live. Discover now