၁၃ (Zawgyi + Unicode)

10.5K 1.4K 60
                                    

Zawgyi

"မေမေ ကိုကြီးရော"

ညနေပြန်လာကတည်းက မမြင်မိပေမဲ့ ညစာစားပွဲဝိုင်းမှာ မတွေ့မိတော့ Luhan မေမေ့ကိုမေးမိသည်။ အလုပ်သရဲဆိုပေမဲ့ အိမ်ကိုတော့ ညစာစားချိန်မပျက်မကွက်ပြန်လာတတ်သူမို့။

"သူငယ်ချင်းတစ်ယောက်ရဲ့အဖေဆုံးလို့ဆိုလား.. ဘူဆန်ကိုလိုက်သွားရတယ် သားရဲ့"

ချက်ချင်း ထထွက်သွားတယ်ဆိုတော့ တော်တော်လေးရင်းနှီးတဲ့သူငယ်ချင်းဖြစ်မည်..။ အင်းလေ.. နာရေးဆိုတော့လည်း မသွားလို့မှ မကောင်းပဲ။ အနည်းဆုံးတော့ ကိုကြီးက Sehun ပြောသလို လူမှုရေးမသိတတ်သူတော့မဟုတ်ပါဘူး။

"သားအစ်ကိုကို ပြန်လာရင် နည်းနည်းအစ်အောက်ကြည့်ပါလား.. တကယ်ပဲ လူပျိုကြီးလုပ်ဖို့စိတ်ကူးနေသလားလို့"

ဖေဖေပြောတော့ သူ ပြုံးစိစိဖြစ်သွားရသည်။ မေမေနဲ့ ဖေဖေမှာလည်း ကိုကြီးက အသက် ၃၀ နားနီးနေပြီမို့ အိမ်ထောင်မပြုမှာကို အတော်စိုးရိမ်နေပုံပင်..။

"ကျွန်တော်သိသလောက်တော့ ကိုကြီးက ဘယ်သူ့ကိုမှစိတ်မဝင်စားဘူး"

"အဲ့ဒါခက်နေတာပေါ့.. မိန်းကလေးတွေပဲ စိတ်မဝင်စားတာလားဆိုတော့.. သူက ယောက်ျားလေးတွေကို စိတ်ဝင်စားတဲ့ပုံလည်းမပေါ်.. ခက်တယ် သားရယ်"

မေမေ့စကားကြောင့် သူ့ခန္ဓာကိုယ်လေး မတ်ခနဲ..။ သူပဲ နားကြားမှားတာလား။ မေမေ့ကိုကြည့်တော့လည်း ဘာမှအရေးတကြီးဟန်မပြသလို ဖေဖေကလည်း အေးအေးဆေးဆေး ထမင်းစားနေသည်။

"သားသူငယ်ချင်းထဲမှာရော သားကြီးနဲ့အဆင်ပြေလောက်မဲ့သူရှိလား"

Luhan ခေါင်းခါပြမိသည်။ ကိုကြီးလို ဘုကလန့်သမားကို ဘယ်သူက ကြိုက်ချင်မှာလဲလေ..။ ချမ်းသာပြီးရုပ်ချောတာကတစ်ပိုင်းပေမဲ့ အခုခေတ်က ရိုတတ်မှ သဘောကျကြတာကိုး... ကိုကြီးကို အစွံထုတ်ရတဲ့အရေးကတော့ ခက်သေးသည်။

"အတင်းပေးစားပစ်ရမလား"

"မေမေရယ်.. ကိုကြီးကလေ.. အတင်းအကြပ်ပေးစားလို့ကတော့ ပြန်မပြော နားမထောင်ပဲလုပ်မှာ.. တော်ကြာ ကြီးကြီးကျယ်ကျယ်မင်္ဂလာဆောင်ပြီးမှ ကွဲကြကွာကြရင် အလကားသက်သက် မျက်နှာပျက်ရဦးမယ်"

Give and TakeWhere stories live. Discover now