၂၂ (Zawgyi + Unicode)

11.3K 1.5K 100
                                    

Zawgyi

"Sehun!.. အဲ.."

ဆေးရုံရှေ့မှာ စောင့်နေသည့် Sehun ကိုမြင်တော့ ဝမ်းသာအားရ အော်ခေါ်လိုက်မိပြီးမှ ဘေးမှာမတ်တပ်ရပ်နေတဲ့ မေမေ့ကိုမြင်ကာ Luhan အိုးတိုးအမ်းတမ်းဖြစ်သွားရသည်။

"စကားပြောပြီးကြပြီလား"

Sehun က ပြုံး၍ခေါင်းညိတ်ပြပေမဲ့ မေမေကတော့ ပြုံးသာပြုံးပြသည်၊ သိပ်မျက်နှာမကောင်းလှ။ ဘာဖြစ်လို့ပါလိမ့်.. ဒါပေမဲ့ Luhan စိတ်ထဲ သိပ်ထားမနေတော့ပါ။

"ဒါဆို ကျွန်တော် Han လေးနဲ့ စကားခဏပြောပြီးရင် အိမ်ကိုလာပြန်ပို့လိုက်ပါ့မယ် အမေ"

အမေ..တဲ့။ Sehun က သူ့မေမေကို အမေလို့တောင် ခေါ်နေပြီ။ ခဏလေးတွေ့လိုက်တဲ့အတောအတွင်းမှာ မေမေ့ကို Sehun ဘယ်လိုတောင် သိမ်းသွင်းလိုက်ပါသလဲ။ Luhan တော့ လိုက်မမှီနိုင်တော့ပါ။

"Luhan.. ဒါဆို မေမေပြန်နှင့်မယ်"

"ဟုတ်.."

တဖြည်းဖြည်းဝေးကွာသွားသည့် မေမေ့ကျောပြင်ဟာ ဒီနေ့ကျမှ သူ့ကိုပိုစိုးရိမ်စိတ်တိုးစေသည်။ မလိမ္မာတဲ့သားတစ်ယောက်မို့ သူ့ဘက်က ဘာကိုမှ ပြောပိုင်ခွင့်မရှိဘူးဆိုပေမဲ့.. မေမေ သူ့ကြောင့်နဲ့ စိတ်မဆင်းရဲရရင်တော့ သိပ်ကောင်းမှာပါပဲ။

"မေမေနဲ့ ဘာတွေပြောခဲ့ကြလဲဟင်"

Sehun ပြုံးရုံသာ ပြုံးမိသည်။ Han လေးဟာ သူနဲ့ ယောက္ခမအလောင်းအလျာကြီးရဲ့ ပထမဆုံးတွေ့ဆုံမှုကို သိပ်စိုးရိမ်နေရှာသည်။ မထင်မှတ်ပဲ Park Chanyeol ရဲ့ လူသိမခံခဲ့တဲ့လုပ်ရပ်တွေဟာ သူနဲ့ Han ရဲ့ ရှေ့ရေးကို အများကြီးအထောက်အကူပြုသွားတယ်ဆိုတာ တော်တော်အံ့ဩစရာပါပဲ..။ ကံတရားက Sehun ကို မျက်နှာသာပေးချင်ပုံရ၏။

"Sehun လို့..."

ဆူဆူအောင့်အောင့်ဖြင့် သူ့အင်္ကျီလက်မောင်းကိုဆွဲလွဲ၍ပြောလာသူလေးကြောင့် Sehun ကမန်းကတန်း အတွေးစဖြတ်လိုက်ရသည်။

"အဆင်ပြေပါတယ်ကွာ.. အမေက သဘောကောင်းပါတယ်"

"ဘာတွေပြောခဲ့လဲလို့.. ဟင်.."

"Han နဲ့ ဘယ်တော့လက်ထပ်မလဲတဲ့"

အူကြောင်ကြောင်ဖြစ်သွားသည့် Han ပုံစံလေးက လမ်းလည်ခေါင်မှာတောင် ဆွဲဖျစ်ညှစ်ဖက်နမ်းပစ်ချင်စရာ..။ ချစ်ရသူက ဒီလောက်အူယားစရာကောင်းနေမှတော့ သူ့အစ်ကို Park Chanyeol ကို စစ်ကြေညာရလည်း ကိစ္စမရှိ၊ ချုံခိုတိုက်ရလည်း မမှု။ အဓိက,က Han ကို နောက်ထပ် လက်မလွှတ်ရစေဖို့ဖြစ်သည်။

Give and TakeWhere stories live. Discover now