၁၂ (Zawgyi + Unicode)

11K 1.5K 196
                                    

Zawgyi

နှစ်အတော်ကြာစိတ်ကူးထဲမှာပဲ နမ်းရှိုက်ခဲ့ရသည့်ပါးပြင်နုနုကို ရွှတ်ခနဲ တစ်ချက်ထပ်နမ်းလိုက်တော့ Luhan က မျက်စောင်းထိုး၏။

"ပါးလည်းပေါက်တော့မယ်.. သိရဲ့လား Oh Sehun ssi"

"ချစ်လို့"

လူတစ်ယောက်လုံးကို ရင်ခွင်ထဲမှာ ထွေးဖက်ထားရတာတောင် Sehun မှာ မရောင့်ရဲနိုင်။ ဒီလူသားကို သူ့မှာဘယ်လောက်ချစ်ရသလဲ..။ နားသယ်စပ်ကို နှုတ်ခမ်းနဲ့ဖိကပ်ထားရင်း Luhan ရဲ့လက်ချောင်းလေးတွေကို ယှက်၍ကိုင်ထားလိုက်သည်။

"ဒါနဲ့.. အဲ့ဒါ တကယ်ညီလေးလား.. မိန်းကလေးနဲ့တော်တော်တူတာနော်"

"အင်း.. ကိုယ့်မှာ သူ့ကို ဘယ်လောက်တောင် ခခယယပြောခဲ့ရတယ်မှတ်လဲ.. အဲ့ဒါတောင် ကိုယ့်ကိုတစ်ခွန်းမှမပြောပဲ ပြန်သွားသေးတယ်"

"ဖုန်းမရှိလို့နေမှာပါ.. Sehun ကလည်း ကြည့်ရင်းနဲ့ ကိုကြီးအချိုးတွေ ချိုးချိုးလာတာပဲ"

ကိုကြီးနဲ့အယှဉ်ခံလိုက်ရတော့ မျက်မှောင်ကြီးကြုံ့သွားတာများ..။ Sehun က သူ့ထက် ၃ နှစ်ကြီးတယ်ဆိုပေမဲ့ တစ်ခါတစ်လေကျတော့ ကလေးဆန်သည်။

"ခုနက ကိုကြီးကိုမြင်လိုက်ရတာ တော်တော်လေးလန့်သွားတယ် သိလား.."

"Han ကြောက်အားလန့်အားနဲ့ မှားမြင်တာနေမှာပါ.. Han အစ်ကိုလိုလူက သူသာသေချာရင် တစ်ဆိုင်လုံး မွှေနှောက်ရှာမှာပေါ့.. ပြီးတော့ ကိုယ်လည်းမတွေ့မိပါဘူးဆိုနေ"

တကယ်ပဲ အမြင်မှားတာလား..။ Luhan လည်း မသေချာ။ ဘာပဲဖြစ်ဖြစ် ဝုန်းဒိုင်းကြဲပြီထင်ပြီး ကြောက်နေတာ ဘာမှမဖြစ်သွားလို့ တော်သေးသည်။

"ဆေးရုံက တကယ်ပြန်မသွားလို့ရရဲ့လား.. အစားဝင်ပေးမဲ့သူကို သေချာပြောခဲ့တာနော်"

"ဩော်.. ရပါတယ်ဆိုမှပဲ.. ကျွန်တော်နဲ့မနေချင်ဘူးလား.. အခု ဆေးရုံကိုပြန်သွားရမလား"

ဆူပုတ်ပုတ်နဲ့ ရင်ခွင်ထဲကနေ ကုန်းရုန်းထတဲ့ Luhan ကို သူ ကမန်းကတန်း ဖမ်းဆွဲထားရသည်။ ဒါလေးမေးမိတာကို စိတ်ကလည်း ကြီးလိုက်တာ..

Give and TakeWhere stories live. Discover now