၈ (Zawgyi + Unicode)

10.3K 1.4K 100
                                    

Zawgyi

မနက်ဖြန် နေ့လည် ၁၁ နာရီတဲ့။

မေမေ့သူငယ်ချင်းရဲ့သမီးနဲ့ တွေ့ဖို့ သွားရဦးမည်။

အဆိုးရွားကြီးမဟုတ်ရင်တော့ စကားကောင်းကောင်းမွန်မွန်ပြန်ပြောပြီး သူ့ဘက်ကစိတ်မဝင်စားကြောင်းအသိပေး၍ တစ်ခါတည်းအပြတ်ဖြတ်ခဲ့ဖို့ စဉ်းစားထား၏။

ကုတင်ပေါ်မှာလှဲနေပေမဲ့ အိပ်လို့မရတာကြောင့် အသစ်ဝယ်လာသည့် နက္ခတဗေဒဆိုင်ရာစာအုပ်ကလေးကို လှမ်းယူလိုက်သည်..။ စာနည်းနည်းလောက်ဖတ်ပြီးရင်တော့ မျက်စိညောင်းပြီး အိပ်ချင်လာကောင်းပါရဲ့။

တင်!

ဘေးမှာချထားတဲ့ဖုန်းလေးက screen လင်းလာသည်။

//ဘာမှပင်ပင်ပန်းပန်းမလုပ်ရပဲ မိုးလုံလေလုံနဲ့ ပိုက်ဆံများများရမဲ့ အချိန်ပိုင်းလေးဘာလေးတွေ့ရင် လက်တို့စမ်းပါ//

//ရမှာမဟုတ်ဘူး ရှာမနေနဲ့//

//အိမ်ကိုအစာငတ်ခံဆန္ဒပြပြီး ဖုန်းဝယ်ခိုင်းတာကမှ မြန်ဦးမယ်//

လူကြီးတစ်ယောက်အနေနဲ့မလုပ်သင့်မှန်းသိပေမဲ့ ထိုကောင်လေးနဲ့ သူ့သူငယ်ချင်းတွေရဲ့စာတွေကို ကြားကဝင်ဝင်ဖတ်ရတာကိုက သူ့အလုပ်တစ်ခုဖြစ်နေတော့သည်။ တိတိကျကျပြောရရင် ကားရှေ့ခန်းဘေးထိုင်ခုံရဲ့ ခြေနင်းပြားထောင့်မှာ ဖုန်းအနက်ရောင်လေးကို ရှာတွေ့ပြီးကတည်းက...

အကြောင်းပြချက်ရယ်လို့ ကြံဖန်ပြီးပေးရမယ်ဆိုရင်တော့ ဖုန်းပြန်ပေးချင်၍ ထိုကောင်လေး ဘယ်သွားမယ် ဘာလုပ်မယ်ဆိုတာကို ခိုးဖတ်နေရခြင်းဟု..။

နည်းနည်းတော့ ကြောင်တောင်တောင်နိုင်၏။

//လုပ်လို့ရရင် လုပ်လိုက်တာကြာပြီ//

//အဲ့ဒါတော့ မတတ်နိုင်ဘူး//

//မင်းဖုန်းက ငါတို့လည်းဆက်ပေးနေတာပဲ.. စက်ပိတ်ထားတာဟ//

တကယ်က စက်ပိတ်ထားတာမဟုတ်။ Chanyeol ရှာတွေ့တဲ့အချိန်မှာကတည်းက ဖွင့်မရတာပင်။ ဖုန်းအားကုန်နေလို့လားဆိုပြီး မီးသွင်းကြည့်ပေမဲ့ ပွင့်မလာတာနဲ့ သူလည်း ဒီတိုင်းထားထားလိုက်တော့သည်။ ကြည့်ရတာ ပြုတ်အကျမှာ တစ်ခုခုနဲ့များ သွားရိုက်မိသလားမသိ..

Give and TakeWhere stories live. Discover now