၂၈ (Zawgyi + Unicode)

10.5K 1.5K 100
                                    

Unicode

"ကိုယ်နဲ့ မေမေ့ကို Baekhyun က ဘာပြောလဲသိလား"

နှစ်ယောက်သား တိတ်တိတ်ဆိတ်ဆိတ်နဲ့ အကြာကြီးရပ်နေကြပြီးမှ Sehun စပြောတဲ့စကား။

Luhan ကတော့ ဆေးရုံခေါင်မိုးထပ်ကနေလှမ်းမြင်နေရတဲ့ အနီးအနားက အဆောက်အအုံတွေကိုသာ အကြည့်ပို့ထားမိ၏။

"သူဘာမှမဖြစ်တာမို့လို့ Han နဲ့ ကိုယ့်ကို လမ်းမခွဲပါနဲ့တဲ့"

ဝိုင်းခနဲဖြစ်သွားသည့်မျက်ဝန်းလှလှလေးတွေက ချက်ချင်းဆိုသလို Sehun ဆီရောက်လာသည်။ ဟန်မဆောင်တတ်တဲ့ သူ့ရဲ့ Han လေးဟာ အခုလည်း တအံ့တဩဖြစ်နေဟန်ပင်။

"ဘယ်လို..?"

"မေမေ့ကို သူကပြောတယ်.. ကိုယ်တို့နှစ်ယောက်ကို သဘောတူပေးပါတဲ့"

မဖြစ်နိုင်ဘူးလို့ Han တွေးရင်လည်း တွေးလောက်ပါပေသည်။ ဒါပေမဲ့ သူပြောနေတာ အမှန်တွေချည်း။ တခြားသူတွေ မတွေးနိုင်တဲ့ အတွေးကိုတွေးပြီး တခြားသူတွေ မပြောလောက်တဲ့ စကားကိုပြောခဲ့တဲ့ သူ့ညီလေးကိုသာ သူနားမလည်နိုင်။

"ကိုယ်လေ.. သူ့စိတ်ထဲမှာ ဘာတွေဖြစ်နေလဲဆိုတာ မသိဘူး.. အဖြစ်မှန်တွေအကုန်လုံးသိသွားရင် သူ Park Chanyeol ကို စိတ်နာသွားမှာပဲ.. မုန်းသွားမှာပဲလို့ ထင်ထားခဲ့တာ"

Luhan ဘာမှပြန်မပြောနိုင်ပဲ Sehun ကိုသာ တွေတွေလေး ငေးကြည့်နေမိသည်။

"ဒါပေမဲ့ ဆေးရုံရှေ့မှာ ကိုယ့်ကို သူဘာပြောလဲ Han သိလား"

Sehun က ဆက်မပြောပဲ အကြာကြီးငြိမ်ကျသွားပြန်သည်။ ပြိုလဲချင်နေပေမဲ့ အတင်းကို အားတင်းထားရသည့် Sehun ပုံစံက ကိုကြီးအတိုင်းပဲ..။

မိသားစုရဲ့ သားကြီးတစ်ယောက်၊ ညီဖြစ်သူအတွက် အစ်ကိုကောင်းတစ်ယောက်။

သူတို့ကို ဒီအမည်ဂုဏ်ဒြပ်နှစ်ခုက တော်တော်လေး ချုပ်နှောင်ထားကြပုံပေါ်သည်။ နာကျင်နေရင်တောင် အပြုံးတစ်ခုနှင့်..။ ကိုယ့်ကိုယ်ကို သံမဏိလူသားတွေလို့များ ထင်နေကြသလားမသိပါ။

"Park Chanyeol ကို တွေ့ချင်လို့.. ၃ မိနစ်လောက်ပဲဆိုရင်တောင် အဆင်ပြေတာမို့လို့.. တဲ့...."

Give and TakeWhere stories live. Discover now