၁၀ (Zawgyi + Unicode)

10.3K 1.5K 161
                                    

Zawgyi

နေ့လည်ထမင်းစားချိန်တော့ ဆေးရုံကိုလာမှာပဲဆိုပြီး စိတ်လျှော့ထားပေမဲ့ မနက်ဂျူတီမဝင်ခင်မှာပင် Sehun ဆီက ဖုန်းဝင်လာလေသည်။ အရမ်းပျော်သွားပြီး ကိုင်လိုက်ပေမဲ့လည်း...။

"ကိုယ် ဒီနေ့လည် မလာဖြစ်ဘူး Han.."

ဖုန်းကိုင်ကိုင်ချင်း သိလိုက်ရတဲ့အကြောင်းအရာကြောင့် ရင်ထဲဟာခနဲ...

"ကိစ္စရှိလို့လား.."

"တကယ်က.. ကိုယ်... အင်း.. မေမေက ကိုယ့်ကို အိမ်ထောင်ဖက်တွေ့ဖို့ စီစဉ်ထားလို့"

လူက အင့်ခနဲဖြစ်သွားပြီး ဘေးကအုတ်နံရံကို လှမ်းထိန်းလိုက်ရသည်။ ဘယ်လို တုန့်ပြန်ရမလဲဆိုတာ သူနားမလည်နိုင်သေး..။

"ဒါဆို... မလာနိုင်ဘူးပေါ့နော်.."

"Han အရေးတကြီး ပြောစရာရှိလို့လား"

အရေးတကြီးလား..။ သူ့အတွက် အရေးကြီးကိစ္စက Sehun အတွက် တကယ်ရော အရေးကြီးပါ့မလား.. လူက တွေဝေသွားရပြန်သည်။

"တကယ်လို့.. Han ပြောစရာရှိတယ်ဆိုရင်.. ကိုယ်တို့ ကျောင်းတုန်းကထိုင်နေကျဆိုင်မှာပဲ စောင့်နေလေ.. ကိုယ် အဲ့မှာပဲ ချိန်းထားတာ"

Luhan နံရံကိုမှီ၍ ငုတ်တုတ်လေးထိုင်ချလိုက်မိသည်။ ပြည့်အင့်နေတဲ့ရင်ဘတ်ကြီးက ဘာစကားမှပြောမထွက်နိုင်အောင် လုပ်နေသလိုပင်..။ သူ့ရင်ထဲမှာ ပြောစရာတွေအများကြီးရှိပေမဲ့ ပြောမထွက်။

"...ကိုယ်... စောင့်နေမယ်နော်"

ဖုန်းလိုင်းကျသွားသည့်တိုင် သူ နေရာမှမထမိ။ သူနာပြုတချို့က ဆရာ အဆင်ပြေရဲ့လား လို့မေးသွားတာကြားပေမဲ့ ဖြေမိသလား မဖြေမိသလား မသဲကွဲ..။ အမြင်အာရုံတွေကလည်း မျက်ရည်တွေကြောင့် ဝေဝါးလို့နေသည်။

ချစ်လှပါချည်ရဲ့လို့ပြောပြီး အိမ်ထောင်ဖက်သွားတွေ့တဲ့ Sehun ကိုလည်း အပြစ်မမြင်နိုင်..။ အကုန်လုံးက သူ့အပြစ်သာ..

Sehun လိုလူက တစ်ထစ်လျှော့ပြီး ကိုကြီးနဲ့ အဆင်ပြေအောင်နေပါ့မယ်လို့ပြောလာခဲ့တာတောင်မှ ရှောင်ဖယ်ထွက်ပြေးခဲ့တာက သူကိုယ်တိုင်..။ Sehun က ရင်ဆိုင်နိုင်ပါတယ်လို့ အတိအလင်းကြေညာထားတာတောင်.. သူကသာ.. သူ့မှာသာ.. သတ္တိမရှိတာ။

Give and TakeWhere stories live. Discover now