၂၃ (Zawgyi + Unicode)

11K 1.7K 240
                                    

Zawgyi

"ကိုကို မျက်နှာလည်း မကောင်းဘူးနော် မေမေ"

"မသိပါဘူး သားငယ်ရယ်"

မေမေက သက်ပြင်းချ၍သာ။

မနက်စာစားတုန်းကလည်း အသက်မရှိသလို မျက်နှာပေးနဲ့။ မနေ့ကလည်း တစ်နေကုန် ပျောက်ချက်သားကောင်းနေပြီး ညနက်မှ ပြန်လာသည်။ Baekhyun တောင် ကိုယ့်ဘာသာ အိမ်ပြန်နောက်ကျလို့ အဆူခံထိပြီမှတ်နေတာ.. ဆူမဲ့ ကိုကိုက အိမ်ပြန်မရောက်သေးတာနဲ့ ဝိုင်းစိတ်ပူလိုက်ရသေး။

"အစ်ကိုကို လိုက်ကြည့်ပြီးပြောမနေနဲ့.. ကိုယ့်ဘာသာလည်း အနေအထိုင်ဆင်ခြင်ဦးနော် Baekhyun.. မနေ့က ဘယ်အချိန်မှ အိမ်ပြန်လာသလဲ ကိုယ့်ဘာသာပြန်စဉ်းစား"

မနေ့က ကိုကို့ဆီကအဆူခံမထိပေမဲ့ ဒီနေ့မှပဲ မေမေက ဆူတော့သည်။ ကိုယ့်အပြစ်နဲ့ကိုယ်မို့ Baekhyun အသာလေး ခေါင်းငုံ၍ငြိမ်နေရုံသာ တတ်နိုင်သည်။ တော်သေးသည်။ သူ လည်ထောင်ဆွယ်တာဝတ်ထားတာကို ဘာမှမသင်္ကာမဖြစ်လို့။

"နောက် မဖြစ်စေရပါဘူး"

အသံတိုးတိုးလေးနဲ့ ကတိပေးပြီး အသာလေး အခန်းထဲပြန်ဝင်လာခဲ့မိသည်။ မနေ့က အိမ်ပြန်နောက်ကျထားသည်မို့ ဒီနေ့တော့ အိမ်တွင်းအောင်းဖို့ဆုံးဖြတ်ထားတာကို ဦးလေးကြီးက မုန့်တွေဝယ်ထားပြီးပြီတဲ့.. အိမ်ကိုလာပေးမယ်တဲ့။ အလိုက်သိတဲ့ ချစ်သူရထားတော့လည်း..။

"ချစ်လိုက်တာ.."

တကယ်ဆို သူ့ဘာသာ အပိုတွေ စိုးရိမ်နေမိတာပဲလားမသိပါ။ ဦးလေးကြီး သူ့ကိုတကယ်ချစ်တာသေချာရဲ့လားလို့ပဲ စိတ်ထဲ ကြောက်ရွံ့နေခဲ့တာတွေက မနေ့က ပထမဆုံးအတူနေပြီးချိန်မှာတော့ သံသယတွေရှင်းသွားသလိုပင်။

သာမန်ချစ်သူစုံတွဲတွေလိုပဲ ဦးလေးကြီးနဲ့သူ ရိုးရိုးလေး ရေစက်ဆုံကြသည်။ စိတ်ဝင်စားကြသည်။ ချစ်ကြသည်။

ဒါပါပဲ..။ ကံတရားကြောင့်သာ ဦးလေးကြီးဟာ အစ်ကို Luhan ရဲ့အစ်ကိုဖြစ်နေရတာ။ ကိုကို့ရဲ့ ကမ္ဘာမကြေတဲ့ရန်သူဖြစ်နေရတာ။

ကိုကိုနဲ့ အစ်ကို Luhan က သူနဲ့ဦးလေးကြီးရဲ့ အချစ်ဇာတ်လမ်းမှာ ဘာမှမပတ်သက်လောက်ပါဘူး။ သူ့ဘာသာ လျှောက်တွေးပြီး အစိုးရိမ်ကြီးနေရတာ..။

Give and TakeWhere stories live. Discover now